စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ် ကျေးရွာများရှိ စစ်ရှောင်ပြည်သူတို့၏ အိမ်မွေးတိရိစ္ဆာန်များ အစာရေစာမပြတ်လပ်စေရေး ပြုစုစောက်ရှောက်ပေးနေကြောင်း Nothern ABSDF ထံကသိရသည်။
မေလ ၂၈ နေ့၊ အင်းတော်မြို့နယ်၊ ရွာသာယာရွာ၌ရှိနေသော ခမရ-၄၁၆ မှစစ်သားများကို Nothern ABSDF နှင့်မဟာမိတ်တပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးပြီး တပ်သား ၂ ဦးပြင်းထန်ဒဏ်ရာရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က ကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ရာ ရွာသာယာ၊မော်တိတ်၊နန့်သာ၊အောင်းကုန်းနှင့်ကျွန်းတောရွာမှ ပြည်သူ ၁၅၀၀ ကျော်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
“ဒီဘက်မှာ တိုက်ပွဲတွေဖြစ်တော့ စစ်တပ်က ရွာသားတွေကို လူသားဒိုင်းအဖြစ်ဖမ်းတယ်။ရွာသားတွေက စစ်ကြောင်းနဲ့ဝေးတဲ့ ရွာတွေက ဆွေမျိုးနီးစပ်အိမ်တွေမှာ တချို့ကနေကြတယ်။
တချို့က တောစပ်တွေမှာ နေကြရတယ်။လူတွေမရှိတော့ ကျေးရွာတွေမှာက နွား၊တွေ ဝက်တွေကျန်ခဲ့တယ်။လွှတ်ထားတာလည်းမဟုတ်တော့ ကျနော်တို့ ရဲဘော်တွေက ပုံမှန်အစာကျွေးပေးနေရတာပေါ့”ဟု ABSDF မြောက်ပိုင်း ထောက်လှမ်းရေးတာဝန်ခံ ရဲဘော်ကိုစော ကပြောသည်။
မေလ ၂၅ ရက်နေ့နှင့်၂၃ ရက်နေ့တို့တွင် ရွာသာယာနှင့်ကျွန်းတော ရွာကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ကျွန်းတောရွာမှ ဘုန်းကြီးကျောင်း၊စာသင်ကျောင်း၊ဆန်စက်နှင့်နေအိမ် ၂ လုံးပျက်စီးပြီး ရွာသာယာရွာမှ ဘုန်းကြီးကျောင်းလည်းပျက်စီးခဲ့သေးသည်။