Photo – Kaung Zaw Hein / MPA
“ဘာစိတ်ဓါတ်လဲ သံမဏိစိတ်ဓါတ်၊ ဘာလုပ်ဖို့လဲ တိုက်ပွဲဝင်ဖို့ “ အစရှိသည့်အသံတို့သည် တောတွင်းတစ်နေရာရှိ တော်လှန်ရေး တပ်စခန်း တစ်ခုလုံး ပျံနှံနေသည်။
အဆိုပါအသံများသည် အကြမ်းဖက် စစ်ကောင်စီအား လက်နက်ကိုင်ကာ ခုခံတွန်းလှန်စစ်ဆင်နွှဲနေသည့် တော်လှန်ရေး ရဲဘော်များ လေ့ကျင်ခန်းလုပ်ရင်း ရွတ်ဆိုနေသည့် အသံများ ဖြစ်ပါသည်။
အဆိုပါ တော်လှန်ရေး ရဲဘော်များထဲတွင် ရဲဘော် ဖီးနစ်သည်လည်း တစ်ယောက် အပါအဝင် ဖြစ်ပါသည်။
လက်နက်ကိုင် တော်လှန်ရေးလို ခက်ခဲကြမ်းတမ်းသည့်ဘဝကို လာရောက်မည့် တော်လှန်ရေး ရဲဘော်များသည် သူတို့၏ ပုံမှန်ဘဝများကို စွန့်လွှတ် ခဲ့ရပါသည်။
ရဲဘော် ဖီးနစ်၏ စွန့်လွှတ်မှုများသည် တခြား တော်လှန်ရေး ရဲဘော်များနှင့် မတူခြားနား နေပါသည်။
အကြမ်းဖက် စစ်ကောင်စီ အာဏာ မသိမ်းမီက ရဲဘော်ဖီးနစ်သည် ရှင်စာရိတ္တ အမည်ဖြင့် (၁၄)ဝါ ရှိ ကိုရင် တစ်ပါး ဖြစ်ပါသည်။
ရဲဘော် ဖီးနစ် တဖြစ်လဲ ရှင်စာရိတ္တသည် ကိုရင်ဘဝတွင် သာမဏေကျော် ပထမ အဆင့် အောင်မြင်ပြီး ဒုတိယ အဆင့် ရောက်ရှိနေသည့် ကိုရင် တစ်ပါး ဖြစ်ပါသည်။
(၂၀၂၁) ခုနှစ် အကြမ်းဖက် စစ်ကောင်စီ အာဏာစသိမ်းသည့် အချိန်တွင် ရှင်စာရိတ္တသည်လည်း အများပြည်သူ နည်းတူ ကိုရင်ဘဝဖြင့် အကြမ်းဖက် စစ်ကောင်စီအား ဆန့်ကျင် ဆန္ဒထုတ်ဖော် ခဲ့ပါသည်။
အကြမ်းဖက် စစ်ကောင်စီ၏ လူမဆန်စွာ သတ်ဖြတ်မှုများကို လက်နက်ကိုင်သည့် နည်းဖြင့်သာ တော်လှန်နိုင်မည်ဟူသော ခံယူချက်ဖြင့် လူထု လူတန်းစားပေါင်းစုံသည် လက်နက်ကိုင် တော်လှန်ရေးတွင် ပါဝင်လာခဲ့ကြသည်။ထိုအထဲတွင် ရဲဘော် ဖီးနစ် တဖြစ်လဲ ရှင်စာရိတ္တလည်း နောက်ကျ မကျန်ခဲ့ပါ။
လက်နက်ကိုင်တော်လှန်ရေး ထဲထဲဝင်ဝင် လုပ်ကိုင်လိုသည့် အတွက်ကြောင့် အသက် (၉) နှစ်အရွယ်မှ စတင်ဝင်ရောက်ခဲ့သော ကိုရင်ဘဝကို စွန့်လွှတ်ခဲ့ပါသည်။
သာမန်လူထက်ကိုရင်ဘဝကနေလာခဲ့ရတာကြောင့် လက်နက်ကိုင် တော်လှန်ရေးက အလွန်ခက်ခဲကြောင်း ရဲဘော် ဖီးနစ်က ပြောပါသည်။
သို့သော်လည်း တော်လှန်ရေးက အလုံးစုံ အောင်မြင်မည်လို့ ယုံကြည်တယ်လို့ ရဲဘော် ဖီးနစ်က ပြောပါသည်။
ရဲဘော် ဖီးနစ်လို နယ်ပယ်မျိုးစုံကနေ ပြည်သူ့ကာကွယ်ရေးတပ်ထံသို့ ၀င်ရောက်လာတဲ့ လူငယ်တွေ အမြောက်အများရှိသည်။
#PDF #101 #MPA #ဖိုတိုအက်ဆေး #Myanmar