Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
Photo – Kaung Mrat Naing / MPA
By Kaung Mrat Naing / MPA
ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်စစ်ဘေးရှောင်စခန်းမှာ အိုးခွက်ပန်းကန်များလိုအပ်နေကြောင့် စစ်ဘေးရှောင်များက ပြောသည်။
“ ဒီကိုရောက်နေတာကလည်း သုံးနှစ်လောက်ရှိနေပါပြီ။အများစုလာလှူကြတာက စားနပ်ရိက္ခာတွေပါ။ဒီက စစ်ရှောင်အများစုမှာက အိုးခွက်ပန်းကန်တွေ မလုံလောက်ကြတော့ပါဘူး။” ဟု စခန်းတာဝန်ခံ မခင်စုလှိုင်က ဆိုသည်။
အဆိုပါစစ်ဘေးရှောင်စခန်းမှာအိမ် ထောင် စု ၂၆၃စု၊လူဦးရေကျား၅၂၁ဦး၊ မ ၅၇၅ ဦး၊စုစုပေါင်း ၁၁၀၆ ဦးရှိနေသည်။
” ရွာကပြေးလာတုန်းက ဘာမှပါမလာခဲ့ပါဘူး။ဒီကိုရောက်တော့ လာလှူကြတဲ့အိုးခွက်ပန်းကန်သုံးလေးလုံးနဲ့ချက်စားနေတာပါ။ခုတော့ ထမင်းစားဖို့ ပန်းကန်ကအစ မလုံလောက် တော့ပါဘူး။” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ဆိုသည်။
ရခိုင်မှာ ရက္ခိုင့်တပ်တော်(အေအေ)နှင့်မြန်မာစစ်တပ်တို့ကြား တိုက်ပွဲရပ်တန့်နေသော်လည်း စစ်ဘေးရှောင်တစ်သိန်းခန့်မှာနေရပ်မပြန်နိုင်ကြသေးဘဲ ယာယီခိုလှုံရေးစခန်းများ၌ စားဝတ်နေရေး အခက်အခဲများနှင့်နေထိုင်နေကြရဆဲဖြစ်သည်။