By Kaung Zaw Hein / MPA ( Photo Essay )
“ရှုလော့၊ ဤသူကား အောင်ဆန်းပင်တည်း။ ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင်၊ မျက်မှောင်ကုတ်ကုတ်၊ ဆံပင်စုတ်ဖွား၊ ရှုကားသိုးသိုး”
ဤကား ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်သွင်ကို ဆရာကြီး မောင်ထင်က ရေးဖွဲ့ထားခြင်းပင်။
ပါးရိုးငေါငေါ၊ မေးရိုးခိုင်ခိုင် ခပ်တည်တည်နှင့် မပြင်မဆင် အညာသား ဗိုလ်ချုပ်အောင်ဆန်း ပုံကို ပေါ်လွင်အောင် ရေးဖွဲ့ထားခြင်းဖြစ်သည်။
နာမည်တူမရှား၊ လူတူမရှား ဆိုသကဲ့သို့ပင် ကိုမြဖြိုးကိုတွင်လည်း ဆရာမောင်ထင် ရေးဖွဲ့ထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ရည်အသွင်အပြင်ကို အထင်အရှားမြင်ရသည်။
သူသည် ဗိုလ်ချုပ်ကဲ့သို့ နတ်မောက်နယ်သားတော့ မဟုတ် ဧရာ၀တီသား ဖြစ်သည်။
“ကျနော့်ကို ကျောင်းဆရာဘဝတုန်းက ဗိုလ်ချုပ်နဲ့တူတယ်ဆိုပြီး ပြောကြတယ်” ဟု ကိုမြဖြိုးကိုက ပြောသည်။
ယင်းသို့ ဗိုလ်ချုပ်နှင့် တူညီနေသည့် ရုပ်ရည်ကြောင့်ပင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရိုက်ကူးမည့် ဇာတ်လမ်းတို တစ်ခုတွင် ပါဝင်သရုပ်ဆောင်ရန် ကမ်းလှမ်းခံခဲ့ရသည်။
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
Photo – Kuang Zaw Hein / MPA
“ဗိုလ်ချုပ်ရဲ့ ဇာတ်လမ်းလေးတစ်ခု ဟင်္သာတက အဖိုးကြီးတစ်ယောက်ဆီမှာ ထမင်းတောင်းစားတဲ့ ဇာတ်လမ်းတိုလေးကို အခြေခံထားပြီးတော့ ရိုက်ကူးတာ”ဟု ၎င်းကဆိုသည်။
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်တစ်ခု ရိုက်ကူးရန် စီစဉ်နေစဉ် အကြမ်းဖက်စစ်တပ်က ဖေဖာ်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့မှုနှင့် ကြုံတွေခဲ့ ရခြင်းဖြစ်သည်။
ဗိုလ်ချုပ်နှင့် ရုပ်ရည်သွင်ပြင်သာမက ပြုမူနေထိုင်သူများပါ တစ်နှစ် နီးပါး လေ့ကျင့်ခဲ့ရသော်လည်း စစ်အာဏာ သိမ်းမှုနှင့် ကြုံတွေ့သောအခါတွင်မူ ရုပ်ရှင်ဇာတ်လမ်း အရှည်မှာ ရိုက်ကူးရန် မဖြစ်နိုင်တော့ပေ။
သို့သော်လည်း ဇာတ်လမ်းတိုလေး တစ်ခု ရိုက်ကူးထားပြီး နိုင်ငံတကာတွင် ပြသရန်တော့ စီစဉ်ထားရှိသည်ဟု ဆိုသည်။
“အခုအချိန်မှာ ပြသဖို့အဆင်မပြေတာကြောင့် ရိုက်ကူးထားပြီးသားပဲရှိပါတယ်။ ပြသခွင့်မရှိသေးပါဘူး။ ဒါကိုရိုက်တဲ့ ဒါရိုက်တာအနေနဲ့က ဒီမှာနိုင်ငံရေးအရေး အခင်းကြောင့်ပြသခွင့်မရှိလို့ ပြည်ပမှာတော့ပြဖို့ ပြိုင်ပွဲဝင်ပြီးပြသဖို့အစီစဉ်ရှိပါတယ်” ဟုဆိုသည်။
တစ်ဖက်တွင်လည်း ကျောင်းဆရာဟောင်း တစ်ယောက်ဖြစ်သော သူ့အတွက် နိုင်ငံရေးနှင့် မစိမ်း။ ထို့ကြောင့် ပင် အာဏာရှင်ကိုဆန့်ကျင် ဆန္ဒပြမှုများတွင် ချက်ချင်းဆိုသလို ပါဝင်ခဲ့သည်။
စစ်အာဏာရှင် လက်ကိုင်တုတ် အကြမ်းဖက်စစ်တပ်က ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက် နှိပ်နင်းမှုများနောက်တွင် သူသည် ဆန္ဒပြရေး လမ်းစဉ်ကို စွန့်ပယ်ပြစ် ခဲ့တော့သည်။
ဗိုလ်ချုပ်အောင်ဆန်းက အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်ရန် အတွက် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သကဲ့သို့ ကိုမြဖြိုးကိုသည်လည်း ယခုအခါ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။
ဆန္ဒပြတာ မလုံလောက်တဲ့အတွက်ကြောင့် လက်နက်ကိုင်လမ်းစဉ်ရွေးတာ ဖြစ်ပါတယ်။ လက်နက်ကိုင် တော်လှန်တိုက်ခိုက်မှပဲဒီစစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိတာကြောင့် အခုဒီဘက်ကို ကူးပြောင်းလာတာပေါ့”ဟု ဆိုသည်။
စစ်အာဏာရှင်၏ မတရားသဖြင့် အာဏာသိမ်းမှုကို ကိုမြဖြိုးကို အပါအဝင် လူထုလူတန်းစား တစ်ရပ်လုံးက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ကြသည်။
မြို့ကြီးပြကြီးမှသည် ကျေးလက်အထိ လမ်းမများပေါ်တွင် လူထုက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်တပ်သည် ဒီဇင်ဘာ ၁ ရက်နေ့ အထိ လူပေါင်း ၁၃၀၀ ခန့်ကို အကြမ်းဖက် နှိပ်စက် သတ်ဖြတ်ထားပြီး လူပေါင်း ၁၀၀၀၀ ကျော်ကို ဖမ်းဆီးချုပ်နှောင်ထားသည်။
ကိုမြဖြိုးကိုကလည်း “ဒီအကြမ်းဖက် စစ်ကောင်စီကနေပြီးတော့ မတရားသတ်ဖြတ်ညှင်းပန်းတယ်။ နှိပ်စက် ခဲ့တယ်။ ပြည်သူတွေမှာ ဘာခုခံမှုမှမရှိဘဲ အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရတဲ့အပေါ်မှာ လက်နက်နဲ့ ပြန်ပြီးတော့ မတုံ့ပြန်ဘူးဆိုရင် ကျနော်တို့ခံနေရမှာပါပဲပေါ့” ဟု ပြောသည်။
အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် လက်နက်ကိုင်တော်လှန်ခြင်းကသာ လုံးဝဥဿုံမှန်ကန်သည့် နည်းလမ်းအဖြစ် သူက ယုံကြည်ထားသည်။
“ဒီအကြမ်းဖက်မှု ဆက်တိုက်ခံနေရမှာပဲ လက်နက်ကိုင်ပြီးတော်လှန် မှသာလျှင် ဒီအကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချနိုင်မယ် ချုပ်ငြိမ်းနိုင်မယ် ယုံကြည်ချက်နဲ့ပဲ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ခဲ့တာ”ဟု သူက ဆိုသည်။
ဗိုလ်ချုပ် ရုပ်ရှင်တွင်သာ ဗိုလ်ချုပ်တဦးအသွင် သရုပ်ဆောင်ရမည်ဖြစ်သော်လည်း လက်တွေ့ဘဝ တော်လှန်ရေး နယ်မြေတွင်မူ သူသည် သာမန်ရဲဘော်တစ်ဦးအနေဖြင့် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေသည်။
အသက် ၂၇အရွယ် လူငယ်တစ်ဦးအနေနှင့်ရော မြေဖြူသာကိုင်ခဲ့ရသည့် ကျောင်းဆရာတစ်ဦးအနေနှင့်ပါ သူ့အတွက် စစ်ရေးလေ့ကျင့်ရေးမှာ လွယ်ကူလှသည်တော့ မဟုတ်ပေ။
“ ကလေးတွေကို မြေဖြူကိုင်ပြီးတော့ စာသင်ခဲ့ဖူးတဲ့သူ တစ်ယောက်။ အဲဒီလူတစ်ယောက်က ဒီလိုကြမ်းကြမ်း တမ်းတမ်းတွေ လုပ်ရတဲ့အခါမျိုးမှာတော့ ခန္ဓာကိုယ်ရဲ့ ထိခိုက်ရှနာမှုတွေ စိတ်ပိုင်းဆိုင်ရာတွေ ထိခိုက်မှုတွေ ရှိ တာပေါ့။ ဒါတွေက မပြောပလောက်တဲ့ ရင်းနှီးမှုတွေပဲ”ဟု သူက ဆိုသည်။
တော်လှန်ရေးတွင် နောက်ဆံမတင်းဘဲ စိတ်ရောကိုယ်ပါ တိုက်ပွဲဝင်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်။
“တော်လှန်ရေး လုပ်မယ်ဆိုရင်တော့ နောင်တရှိဖို့မလိုဘူး၊နှောင်ကြိုးရှိဖို့မလိုဘူး”
အာဏာသိမ်းပြီးကတည်းက သူတို့အတွက် ဆုံးရှုံးမှုများစွာလည်း ကြုံခဲ့ပြီး ဖြစ်သည်။
ထောင်ကျခဲ့ရသည့် မိတ်ဆွေသူငယ်များ၊ အသက်ဆုံးရှုံးခဲ့ရသည့် ရဲဘော်ရဲဘက်များ ရှိသကဲ့သို့ မိသားစု၏ စွန့်ပစ်ခြင်းကိုလည်း ခံခဲ့ရသည်။
သို့သော်လည်း သူအပါအဝင် တော်လှန်ရေး ရဲဘော်ရဲဘက်များသည် အနေအထိုင် အစားအသောက် ပင်ပန်းဆင်းရဲကြရုံမက မိဝေး၊ ဖဝေးနှင့် တော်လှန်ရေးအတွက် ပင်ပန်းဆင်းရဲစွာ ၁၀၁ တပ်ခွဲတွင် လေ့ကျင့်နေကြခြင်းဖြစ်သည်။
“လက်နက်ကိုင်တော်လှန်တယ်ဆိုတာ စိတ်ကူးယဉ်လို့ ရတဲ့အရာမဟုတ်ပါဘူး။ အဓိကခံနိုင်ရည်ရှိဖို့လိုတယ်”
သူတို့အတွက် အဓိကလိုအပ်ချက်မှာ ကိုယ်ရေးကိုယ်တာ လိုအပ်ချက်များ မဟုတ်ပေ။ လက်နက်ခဲယမ်းများသာ ဖြစ်သည်။
“ဒီဟာတွေရှိမှသာလျှင် ရန်သူကိုခုခံနိုင်မှာ ဖြစ်တဲ့အတွက် အကြီးမားဆုံးအခက်အခဲက ကျနော်တို့လက်နက် မပြည့်စုံခြင်းအခက်အခဲပါပဲ”ဟု သူက ဆိုသည်။
တော်လှန်ရေး အောင်မြင်ရေးအတွက် ပြည်သူလူထုက ဝိုင်းဝန်းပံ့ပိုးပေးရန်သာ တောင်းဆိုသည်။ ထို့ပြင် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်လည်း သူကဲ့သို့ ပြည်သူ့ရဲဘော်များကို အမြန်ဆုံး လက်နက် တပ်ဆင်ပေးရန်သာ သူက မျှော်လင့်နေသည်။
ကိုမြဖြိုးကိုကတော့ ယုံကြည်ချက်အပြည့်ဖြင့် အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။
ကိုမြဖြိုးကိုက ပြည်သူလူထုကို တိုင်တည်ကာ “ကျနော်တို့ ဒီနွေဦးတော်လှန်ရေးကို နိုင်အောင်တိုက်မယ်။ မနိုင်နိုင်အောင် တိုက်မယ်လို့ ကျနော်တို့ ကတိသစ္စာပြုပါတယ်”ဟု ဆိုသည်။