By Than Lyan / MPA
အစ္စလာမ်ဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ Ramadam ဥပုသ်လကို မြန်မာနိုင်ငံတွင် ၂၀၂၅ခုနှစ်၊ မတ် နှစ်ရက်မှ စတင်ကာ ကျင်းပပြုလုပ်လျက်ရှိသည်။
Ramadam ဥပုသ်လ ပထမရက်တွင် ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ နွယ်အေးဗလီတွင် နမာဇ်ဖတ် ဝတ်ပြုဆုတောင်းမှုများပြုလုပ်ခဲ့သည်။
ထိုကဲ့သို့ နမာဇ်ဖတ်ပြီးနောက် နွယ်အေးဗလီမှ ဂျုံနှင့်ပဲချက်ထားသည့် ဟလင်မ်ဟင်းရည်ကို ဥပုသ်စောင့်ပြီး ဝါဖြေမည့်သူများနှင့် လူမျိုးဘာသာမရွေးကို ဝေငှမှုများ ပြုလုပ်ခဲ့သေးသည်။