By Than Lyan / MPA (Photo News)
၂၀၂၄ခုနှစ်မှ ၂၀၂၅ခုနှစ်သို့ အကူးအပြောင်းညပိုင်း(ဒီဇင်ဘာ ၃၁ရက်ည)ဖြစ်သည် နှစ်သစ်ကူးညပိုင်း၌ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်( ပြည်သူ့ဥယာဉ် )သို့ လာရောက်လည်ပတ်သူများပြားခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ၂၀၂၅ Countdown Festival ပွဲတော်ကို ပြည်သူ့ရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သီချင်းသီဆို ဖျော်ဖြေမှုများနှင့် စျေးရောင်းပွဲများကိုပါ ထည့်သွင်းကျင်းပပေးခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီက ဒီဇင်ဘာ ၃၁ရက်တွင် ညမထွက်ရ အမိန့်ကို ရုတ်သိမ်းပေးခဲ့သည်။
လက်ရှိအချိန်ကာလသည် တော်လှန်ရေးကာလဖြစ်သဖြင့် နှစ်သစ်ကူးပွဲတော်၌ ပွဲလမ်းသဘင်များသွားခြင်းမပြုဘဲ မိမိနေအိမ်၌သာ နေထိုင်ရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းမှုများရှိခဲ့သည်။











