By Than Lyan / MPA (Photo News)
၂၀၂၀ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ကိုဗစ်ကပ်ရောဂါနှင့် စစ်အာဏာသိမ်းမှုများကြောင့် မကျင်းပဖြစ်ခဲ့သည့် ရေကျော်ပွဲစျေးကို ၂၀၂၄ခုနှစ်၊ နိုဝင်ဘာ ၂၂ရက်မှ ၂၆ရက်ထိ ကျင်းပလျက်ရှိကြောင်း သိရသည်။
ရေကျော်ပွဲစျေးကို ၁၉၄၇ ခုနှစ်မှ စတင်ကာ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်ရှိ ရပ်ကွက်သူ၊ ရပ်ကွက်သားများက နှစ်စဉ် သီတင်းကျွတ်ကာလအတွင်း ပြုလုပ်ခဲ့သည့် စျေးပွဲတော်တစ်ခုလည်းဖြစ်သည်။
သို့သော် ယခုနှစ်တွင် ကျင်းပသည့် ရေကျော်ပွဲစျေးအား စစ်ကောင်စီက အမျိုးသားနေ့အထိမ်းအမှတ်ဟု ခေါင်းစဉ်ဖြင့် ပြန်လည်ပြုလုပ်ခဲ့ခြင်းလည်းဖြစ်သည်။













