By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း တစ်နေရာတွင် ကျန်ရစ်သူမိသားစုများနှင့် ရဲဘော်ရဲဘက်များက ကျဆုံးရဲဘော်များကို ရည်စူးကာ ဆုတောင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။
ကရင်နီပြည်နယ်ရှိ ဒေသခံအချို့နှင့် ကက်သလစ်ဘာသာဝင်များသည် နှစ်စဉ် နိုဝင်ဘာနှစ်ရက်ရောက်တိုင်း ကွယ်လွန်သူတို့၏ ဝိညာဥ်များကို ဆုတောင်းပေးသည့်ပွဲပြုလုပ်ကြောင်း ဒီးမော့ဆို အနောက်ခြမ်းနေ ပြည်သူတစ်ဦးက ပြောသည်။
“ ဒီနေ့(နိုဝင်ဘာနှစ်ရက်)က ဆုတောင်းပွဲနေ့ပေါ့။ကျတော်တို့ရဲ့ ဆုံးပါးသွားတဲ့ မိသားစုဝင်တွေကို အလေးထားပြီးနှစ်စဉ်ပြုလုပ်တာပါ။ သင်္ချိုင်းကန်တော့ပွဲလို့လည်း တချို့နေရာတွေမှာ ပြောကြတာရှိတယ်။အလွယ် ပြောရ ရင် ကောင်းရာမွန်ရာရောက်ပြီး အဆင်ပြေပြေနေနိုင်ဖို့ ကျန်ရစ်သူတွေက ဆုတောင်းပေးကြတာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
ယနေ့ပြုလုပ်သည့် ဆုတောင်းပွဲသို့ ကျဆုံးရဲဘော်များ၏ မိသားစုဝင်များ၊ရဲဘော်ရဲဘက်များနှင့် မိတ်ဆွေသူငယ်ချင်းများ လာရောက်ပြီး ပန်းများ အလှဆင်ကာ ဖယောင်းတိုင်မီးများ ထွန်းညှိပြီး ဆုတောင်းခဲ့ကြသည်။















