ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၇ရွာမှ စစ်ဘေးရှောင်နေရသည့် ပြည်သူ ၃၀၀၀ကျော် အစားအစာ၊ ဆေးဝါးနှင့် စောင်များလိုအပ်နေ
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အင်းလေဒေသ၊ ဘီလူးချောင်းအရှေ့ဘက်ရှိ နန်းတုန်ကျေးရွာအပါအဝင် ကျေးရွာ ၇ရွာမှ စစ်ဘေးရှောင်နေရသည့် ပြည်သူ ၃၀၀၀ကျော်သည် အစားအစာ၊ ဆေးဝါးနှင့် စောင်များလိုအပ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် မတ် ၂၂ရက်တွင် စစ်ကောင်စီက နန်းတုတ်ကျေးရွာသို့...