By Bala / MPA
နေပြည်တော်ဒေသတွင်း တိုက်ခိုက်မှုများကို အလုပ်ဖြင့် သက်သေပြသွားမည်ဟု နေပြည်တော်PDF ၈၀၆ တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ (အောက်တိုဘာ၁၁ရက်) နံနက် ကိုးနာရီတွင် ကျင်းပသည့် နေပြည်တော် PDFတပ်ရင်း၈၀၆၏ အခြေခံစစ်သင်တန်း အပတ်စဥ်တစ် သင်တန်းဆင်းပွဲအပြီး MPA ၏ မေးမြန်းမှုကို ၎င်းက အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
“ကျတော်တို့ စစ်ရေးနယ်မြေဖြစ်တဲ့ နေပြည်တော်ကို တိုက်ခိုက်ဖို့ မြေပြင်ဆင်းပြီး သက်ဆိုင်ရာ တာဝန်တွေကို ထမ်းဆောင်သွားမှာပါ။နေပြည်တော် ဘယ်လိုတိုက်ခိုက်သိမ်းပိုက်သွား မလဲဆို တာကတော့ အပြောထက် အလုပ်နဲ့ပဲသက်သေပြသွားပါ့မယ်” ဟု တပ်ရင်းတာဝန်ရှိသူတစ်ဦး က MPA ကိုပြောသည်။
အပတ်စဉ်တစ်သင်တန်းကို အမျိုးသမီးစစ်သည် ခြောက်ဦးအပါအဝင်ရဲဘော် ၄၅ဦး တက်ရောက် သင်တန်းဆင်းခဲ့ကြကြောင်း သိရသည်။
“ သင်တန်းဆင်းရဲဘော် ၄၅ဦးကို အခြေခံစစ်ပညာနဲ့ အထူးတိုက်ခိုက်ရေးပညာရပ်တွေကို တစ်လကြာသင်ကြားခဲ့ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ယင်းသင်တန်းဆင်းပွဲသို့ နေပြည်တော် – PDF စစ်ဦးစီးချုပ် ဗိုလ်လက်ျာအပါအဝင် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။