By Chun Nrein / MPA
သုံးရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် သောင်ရင်းမြစ်ရေလျှံတက်ကာ မြဝတီနှင့် မဲဆောက်မြို့တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
စက်တင်ဘာလ ၈ရက်မှ စတင်ရွာသွန်းခဲ့သော မိုးသည် အဆက်မပြတ်ရွာသွန်းရာမှ သောင်ရင်းမြစ်ရေလျှံတက်လာခြင်းဖြစ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ အမှတ် ၁တံတားနားရှိ လူနေရပ်ကွက်များအတွင်းထိပင် ရေလျှံတက်နေသလို မြဝတီဘက်ခြမ်းတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သောင်ရင်းမြစ်ရေလျှံတက်ခဲ့သေးပြီး အခုတစ်ကြိမ်သည် ၂၀၂၄ခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ရေကြီးမှုဖြစ်ပွားခြင်းဖြစ်သည်။