By Tin Soe / MPA
ကရင်နီလူမှု့သိပ္ပံကောလိပ်ဒီပလိုမာကျောင်းက မောင်မယ်သစ်လွင်ကြိုဆိုပွဲကို စက်တင်ဘာလ၈ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲတွင် ရိုးရာဒီးကူပွဲကိုလည်းကျင်းပခဲ့ကြပြီး ကျောင်းသားကျောင်းသူများက သီချင်းအကများဖြင့် ဖျော်ဖြေခဲ့ကြပြီး ကျောင်းအတွင်းက King & Queen တို့ကိုရွေးချယ်ကာ Cute & Smart အပြင် ကာယဗလ ပြိုင်ပွဲတို့ကိုပါ တစ်ပါတည်း ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လူမှုရေးသိပ္ပံဒီပလိုမာကျောင်းသည် (၂၀၂၄-၂၀၂၆)ပညာသင်နှစ် ကရင်နီပြည်အတွက် အကျိုးပြုနိုင်သည့် လူငယ်များ ၊ အဆင့်မြင့်ပညာကိုဆက်လက်တက် ရောက်ရန် ခက်ခဲသူများကို ကိုယ်လက်အင်္ဂါဆုံးရှုံးထားသည့် ရဲဘော်များကို အဓိကခေါ်ယူခြင်းဖြစ်ပြီး
သင်ကြားကာလမှာ ၁၈ လတာကြာမြင့်မည်ဖြစ်သည်။
နွေဦးဂုရုလေးများပညာရေးစင်တာကို Karenni College of Social Sciences and Humanities (ကရင်နီလူမှု့သိပ္ပံကောလိပ်) အဖြစ် အဆင့်မြင့်ပညာရေးကို ၂၀၂၄ ဇွန်လတွင်ပြောင်းလဲခဲ့သည်။
ကရင်နီပြည် မြေပြင်ရှိ လူမှုရေးသိပ္ပံနှင့် သုတေသန နယ်ပယ်ကို အထူးအလေးထား လေ့ကျင့် သင်ကြားပေးနေသည့် ပထမဆုံးသော လူမှုသိပ္ပံကျောင်းလည်းဖြစ်သည်။
















