By Bala / MPA
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ နန်းဖယ်ခုံမြို့ရှိ ကရင်နီရဲတပ်ဖွဲ့ (KSP) ရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲမေတစ်ဦး ကျဆုံးပြီး ခုနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့ (စက်တင်ဘာငါးရက်)နံနက် ကိုးနာရီကျော်တွင် ကရင်နီရဲတပ်ဖွဲ့(KSP)အမှတ်နှစ်နှင့် အမှတ် ၁၀ ရုံးကို စစ်ကောင်စီတပ်က လေကြောင်းမှ ပေါင်၃၀၀ ဗုံးသုံးလုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း အမှတ် ၁၀ KSP ဒုစခန်းမှူး ရဲဘော်ကျော်သောင်းက ပြောသည်။
“ ဗုံးက စခန်းထဲကို ကျတာ သုံးလုံးပေါ့။အရှေ့မျက်နှာစာဆိုင်ကယ်ထားတဲ့နေရာကို တစ်လုံး၊ရုံးပေါ်ကို တစ်လုံးနဲ့ ရဲဘော်တွေ တန်းစီတဲ့နေရာကို တစ်လုံးကျတာပါ” ဟု ၎င်းက MPAသို့ ပြောသည်။
လက်ရှိတွင် ဒဏ်ရာရ ရဲတပ်သား ခုနှစ်ဦးကို ဆေးရုံသို့ ပို့ဆောင်ကုသထားပြီး ရဲတပ်သား တစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိကြောင်း သိရသည်။