By Than Lyan / MPA
ကာတွန်းဆရာကြီး ဦးဖေသိန်း သားဖြစ်သူ မှတ်တမ်း ရုပ်ရှင်ရိုက်ကူးသူ ဒါရိုက်တာ ဖေမောင်စိမ်း (အသက် ၅၁ နှစ်)၏ ဈာပနကို ယနေ့ ဩဂုတ် ၂၁ရက်နေ့ ကရန်ကုန်မြို့ ရေဝေးသုသာန်တွင် ပြုလုပ်ခဲ့သည်။
ကိုဖေမောင်စိမ်းသည် ၂၀၂၂ ခုနှစ် မေ ၂၈ ရက်က ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စစ်ဆေးရေးဂိတ်၌ စစကောင်စီတပ်၏ ဖမ်းဆီးခံခဲ့ရပြီး လွိုင်ကော်ထောင်တွင် အကျဉ်းချခံခဲ့ရပြီး ကျန်းမာရေးဆိုးရွားလာသဖြင့် လွိုင်ကော်အကျဉ်းထောင်မှတဆင့် အင်းစိန်အကျဉ်းထောင်ဆေးရုံသို့ ပြောင်းရွှေ့ခံရပြီးနောက် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်က ပြန်လည်လွတ်မြောက်ခဲ့သည်။
ထောင်မှ လွတ်ပြီး ၃ ရက်အကြာ ဆာကူရာဆေးရုံ၌ ဩဂုတ် ၁၉ ရက် နေ့လယ် ၂ နာရီခန့် က အရိုးတီဘီ နှင့် အဆုတ်ကင်ဆာရောဂါများဖြင့် ကွယ်လွန်ခဲ့သသည်။
မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ ကိုဖေမောင်စိမ်း မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) ဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရသည်။