By Than Lyan / MPA
ရန်ကုန်မြို့ရှိ မြို့နယ်တိုင်းတွင် စားအုန်းဆီစျေးအလွန်ကြီးမားနေပြီး ဆီပြတ်တောက်မှုနဲ့ကြုံနေရသဖြသ့် နေ့စဥ် မြို့နယ်အနှံ့တွင် နံနက်စောစောထကာ ဆီတန်းစီနေသည့် လူတန်းကြီးများကို တွေမြင်နိုင်ပြီး လူတစ်ယောက်လျှင် တုံကင်တခုသာရရှိသည်။
စားအုန်းဆီဈေးကို စစ်ကောင်စီက ပြည်နယ်နှင့်တိုင်းအလိုက် ပျမ်းမျှတစ်ပိဿာဈေး ကျပ် ၆,၀၀၀ ကျော်သာ သတ်မှတ်ထားသော်လည်း ပြင်ပပေါက်ဈေးမှာ ယနေ့တွင် ၁၈,၀၀၀ ကျော်ရှိပြီး ၃ဆခန့် မြင့်တက်ကာ ပြည်သူများ တန်းစီဝယ်ယူနေရသည်။
ရန်ကုန်ရှိ သာကေတမြို့နယ်၊ အင်းစိန်မြို့နယ်၊ တာမွေမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များ အပါအဝင် မြို့နေရာအနှံ့အပြားတွင် စားအုန်းဆီရရန် ပြည်သူများတန်းစီဝယ်နေရသည်။
၂၀၂၃ ခု စက်တင်ဘာလအတွင်းမှစတင်ကာ ရန်ကုန်မြို့မှတွင် စားအုန်းဆီပြတ်လပ်မှု စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် တန်းစီဝယ်ယူရမှုများ စတင်ဖြစ်ပေါ်ပေါက်ခဲ့ရာ လက်ရှိအချိန်ထိပင်ဖြစ်သည်။