By Chun Nrein / MPA
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဆာသူးလေကျောင်းတွင် ကရင့်အာဇာနည်နေ့၊ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာနှင့် ထိုင်းအမေများနေ့ပွဲများအား ယနေ့ ဩဂုတ်လ ၁၂ရက်နေ့တွင် စုပေါင်းကျင်းပခဲ့သည်။
ယင်းစုပေါင်းကျင်းပွဲတွင် ကရင်တိုင်းရင်းသားများအပါအဝင် အာဏာသိမ်းမှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အများအပြားပါဝင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဆာသူးလေကျောင်း အမှုဆောင်ဒါရိုက်တာ နော်ဖောရေနှင့် ဆရာ၊ ဆရာမများလည်း ပါဝင်သလို KNU ဥက္ကဌဟောင်း စောမူတူးစေးဖိုးလည်း တက်ရောက်ခဲ့သည်။