By Than Lyan / MPA
ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်တချို့တွင် ငွေထုတ်ယူမည့်သူများ များပြားလျက်ရှိပြီး လိုသလောက် ငွေပမာဏ ထုတ်ယူ၍ မရကြောင်း ခုရက်ပိုင်း အကန့်အသတ်ဖြင့်သာထုတ်ပေးနေကြောင်း ဘဏ်စနစ်အသုံးပြုနေသူများကဆိုသည်။
ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်အချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးပြီးနောက် ယခုကဲ့သို့ ငွေသားထုတ်ယူမှုများကိုပါ သတ်ဆိုင်ရာ ဘဏ်များက ကန့်သတ်လာခြင်းဖြစ်သည်။
Special Account ဘဏ်စာရင်း များအနေဖြင့် ငွေသားထည့်သွင်းထားသည့် ပမာဏအတိုင်း ထုတ်ယူခွင့်ပြုသည်ဟု စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဒေါက်တာ လင်းအောင်က ပြောကြားထာသော်လည်း မြေပြင်တွင် ပြည်သူများ ဘဏ်အပ်ငွေပြန်လည် ထုတ်ယူရန် အခက်အခဲများ ကြုံတွေ့နေရသည်။
ထို့ပြင် ATM စက်များတွင်ပါ ငွေမရှိသည့်အတွက် ငွေသားထုတ်ယူ၍ မရကြောင်းလည်း ပြည်သူတချို့ထံမှ သိရသည်။









