Photo – MPA
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲများကို အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာပစ်ခတ် ဖြိုခွင်းခဲ့ပြီးနောက် လူငယ်အများအပြား စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းရန် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ဖွဲ့ပြီးသည့်နောက် လူငယ်အများအပြားက လက်နက်ကိုင်တိုက်ပွဲဝင်ရန်အတွက် စစ်သင်တန်းတက်ရောက်ရန် လွတ်မြောက်နယ်မြေသို့ ရောက်ရှိလာခဲ့ကြသည်။
တောထဲတောင်ထဲတွင် ဒုက္ခမျိုးစုံကို သည်းခံကာ စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်သင်တန်းတက်ရောက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ၀င်လူငယ်များအကြောင်းကို ပြည်သူများသိရှိစေရန် တင်ပြလိုက်ပါသည်။
စစ်သင်တန်း၌ PDF လူငယ်များသည် စစ်အာဏာရှင်ကို တိုက်ခိုက်ရန်အတွက် အသက်ကိုပင်စွန့်ထားသူများဖြစ်သည့် အတွက် မိမိတို့၏ မျက်နှာများကို ဖုံးကွယ်ရန် ( မျက်နှာအုပ်ပေးရန် )မလိုသလို ခွင့်ပြုကြောင်း၊ ပြည်သူများအနေဖြင့်လည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF )များကို နည်းမျိုးစုံနဲ့ ကူညီထောက်ပံ့နိုင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
#PDF #လူငယ် #စစ်သင်တန်း #MPA