နာဂတောင်တန်းဒေသတွင် ခြောက်နှစ်တာ တာဝန်ထမ်းဆောင်ခဲ့ပြီး နာဂသိန်းလှိုင်ဟုကျော်ကြားသည့်ဆရာဝန်ကြီး ဒေါက်တာနာဂသိန်းလှိုင်သည် သြဂုတ် ၁၀ ရက်နံနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီး၁၀ရက်နေ့နေ့လယ်ပိုင်းတွင် ရေဝေးသုဿန်၌ဂူသွင်းသဂြိုလ်ခဲ့ပါသည်။
ဒေါက်တာနာဂသိန်းလှိုင်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နာဂတောင်တန်းဒေသတွင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီးတာဝန်ထမ်းဆောင်ခဲ့ခြင်းကြောင့်နာဂဒေသဦးစီးအဖွဲ့က ၂၀၂၀နှစ် ဇန်နဝါရီလက လဟယ်မြို့တွင်ကျင်းပသည့်နာဂနှစ်သစ်ကူးပွဲတော်မှာ မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးအပ်ခဲ့ပါသည်။
ဒေါက်တာနာဂသိန်းလှိုင်သည် ၁၉၈၈ ခုနှစ်၊ ဧပြီ ၃၀ ရက်တွင် အစိုးရအလုပ်ကနေ ပင်စင်အပါအဝင်ခံစားခွင့်များရယူခြင်းမရှိဘဲ အလုပ်မှ နုတ်ထွက်ခဲ့သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေကိုထောက်ခံကြောင်းပြသခဲ့သူတစ်ဦးဖြစ်ပါသည်။
အာဏာသိမ်းမှုကာလအတွင်း စစ်အာဏာရှင်တိုက်ထုတ်ရေးပြယုဂ်ဖြစ်သည့်သံပုံးတီးခြင်းကိုလည်းပြုလုပ်ခဲ့သည်။
ဆရာကြီး၏စျာပနကိုမိသားစုဝင်များမှလာရောက်ပို့ဆောင်ပေးခဲ့ကြပြီးကွယ်လွန်ချိန်တွင် အသက် ၈၈ နှစ်ရှိပြီဖြစ်သည်။
Sayagyi Doctor Naga Thein Hlaing Buried Into Tomb at Yay Way Cemetery
By MPA
Doctor Naga Thein Hlaing – well-known as ‘Naga Thein Hlaing’ for his service in Nagaland for 6 years – passed away on August 10 morning and was buried at Yay Way cemetery in the afternoon on the same day.
Doctor Naga Thein Hlaing was rewarded a certificate of honor on Naga New Year Festival held in Lahe township in January 2020 by Naga Regional Leadership Body for his sacrifices and service in Nagaland with lots of difficulties in transportation.
Doctor Naga Thein Hlaing resigned from his job on April 30, 1988 without taking pension or any benefits.
During the coup, he also joined the pan-banging – a symbol of resisting the coup. The funeral was accompanied by family members and he was 88 at the time of passing.