ယမန်နှစ် (၂၀၂၂ ခုနှစ်) က ကြေလွင့်သွားခဲ့သည့် စာရေးဆရာအကြည်တော်၏ ကွယ်လွန်ခြင်း တစ်နှစ်ပြည့် အမှတ်တရပွဲအား ယနေ့ ရန်ကုန်မြို့ Sky Star Hotel ၌ ပြုလုပ်လျှက် ရှိသည်။
Akyi Taw Tribute Show ဟု အမည်ပေးထားသည့် အဆိုပါ အမှတ်တရပွဲတွင် နေ့လယ်ပိုင်း၌ နာမည်ကျော် စာရေးဆရာ သုံးဆယ်ကျော် က ဆရာအကြည်တော်အတွက် အမှတ်တရ ရေးပေးထားသည့် ” အကြည်တော်၏ ဖြူစင်ခြင်း အမှတ်တရ စာစုများ” စာအုပ်ကို မိတ်ဆက်ခဲ့သည်။
ထို့ပြင် ဆရာအကြည်တော်၏ အမှတ်တရ ရုပ်ထုနှင့် ပန်းချီကားများ ပြသခဲ့ပြီး အမှတ်တရပွဲလာ ပရိသတ်များ ဆရာအကြည်တော်အတွက် အလွမ်းပြေရေးသားရန် နေရာတစ်ခုလည်း စီစဥ်ထားသည်ကို တွေ့ရသည်။
အမှတ်တရပွဲ၌ ဆရာအကြည်တော် ရေးသားခဲ့သည့် စာအုပ်များအားလုံးကို ဝယ်ယူနိုင်ရန်လည်း ရောင်းချပေးခဲ့သည်။
ညနေ ၆နာရီခွဲမှ ည ၉နာရီခွဲအထိမှာ “ အကြည်တော်ရဲ့ ဖြူစင်ခြင်း Tribute Show ” ပြုလုပ်မည်ဖြစ်ပြီး ဆရာ့၏ ညီ ဆရာဓိရာမိုရ်အပါအဝင် ဂီတပညာရှင်များက အမှတ်တရဖျော်ဖြေမည်ဟု သိရသည်။
၂၀၂၂ခု နှစ် နိုဝင်ဘာ ၉ရက်တွင် စာရေးဆရာ အကြည်တော်(စောကြည်ဖြူ) ကြွေလွင့်ကွယ်လွန်ခဲ့ပြီး မကွယ်လွန်မီက ဆရာသည် လုံးချင်းဝတ္ထုစာအုပ် ၈၀ကျော်၉၀နီးပါး၊ဝတ္တုတိုနှင့် ဆောင်းပါး ၁၀၀ကျော် ၂၀၀ နီးပါး ရေးသားခဲ့သည့် နိုင်ငံကျော် စာရေးဆရာတစ်ဦး ဖြစ်သည်။





















