Photo – Myo Satt Hla Thaw / MPA
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီကို လက်နက်စွဲကိုင်တော်လှန်နေသည့် အဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည့် Fight For Justice – JPDF တပ်တည်ထောင်ခြင်း တစ်နှစ်ပြည့်အခမ်းအနားကို ပြီးခဲ့သည့် အောက်တိုတာ ၂၇ ရက်နေ့က ကရင်နီပြည်တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် မြင်ကွင်းဓာတ်ပုံများဖြစ်သည်။
အဆိုပါအခမ်းအနားတွင် ချီတက်အလေးပြုခြင်း၊ သစ္စာအဓိဌာန်ပြုခြင်း၊ တော်လှန်ရေးအင်အားစုအသီးသီးကပေးပို့သည့် သဝဏ်လွှာများဖတ်ကြားခြင်း နှင့် မီးပုံးလွှတ်တင်ခြင်းများပြုလုပ်ခဲ့ကြသည်။
JPDF သည် ကယား(ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု(KRU) တွင် ပါဝင်ပြီး ကရင်နီပြည်နယ်အတွင်း မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်လျှက်ရှိသည်။
တပ်ဖွဲ့စည်းပြီး လက််နက်ကိုင်တော်လှန်ရေး တစ်နှစ်အတွင်း JPDF ရဲဘော် ၄ ဦးကျဆုံးခဲ့ပြီး ၂ ဦးကိုယ်လက်အဂ်ါ ဆုံးရှုံးခဲ့သည်။
စစ်အာဏာရှင်စနစ်ပျက်သုဉ်းသည်အထိ လူထုနှင့်အတူတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။