Photo – Kaung Mart Naing / MPA
အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်ပွဲတော်အထိမ်းအမှတ်အဖြစ် မူဆလင်ကျောင်းသားလူငယ်တွေက ရခိုင်ရှိလူမျိုးပေါင်းစုံကလူငယ်တွေကိုဖိတ်ခေါ်ပြီး
ဇူလိုင်လ ၁၁ ရက် ညနေ ၃ နာရီကျော်အချိန်က စစ်တွေမြို့မှာပြုလုပ်ခဲ့ပါတယ်။
“ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေမှာ ပွဲကြီးနှစ်ခုရှိပါတယ်။ တစ်ခုကကျတော့ လွန်ခဲ့တဲ့ နှစ်လကျော်လောက်ကပေါ့။ အခု ဒီပွဲကကျတော့ ဘာသာပြန်မယ်ဆိုရင် စွန့်လွှတ်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ကျတော်တို့မှာရှိတဲ့ ပစ်ဆံနဲ့ တတ်နိုင်သလောက်ပေါ့ နွား၊ဆိတ်၊ ကျွဲ၊ ကုလားအုပ် စတဲ့အမျိုးမျိုးကို ဝယ်ပြီးတော့ အလာအရှင်မြတ်ရဲ့ လမ်းတော်မှာစွန့်လွှတ်တာဖြစ်ပါတယ်။” လို့ မူဆလင်ကျောင်းသားများအဖွဲ့မှကိုဇော်မင်းထွန်းက ပြောပြပါတယ်။
အဲဒီအိဒ်ပွဲတော်ကို ဇူလိုင်လ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ တစ်ကမ္ဘာလုံးရှိ အစ္စလာမ်ဘာသာဝင်တွေအား လုံးကျင်းပပြုလုပ်နေကြတာလို့သိရပါတယ်။
ဒီနေ့ပွဲသို့ ရခိုင်က တက္ကသိုလ်ကျောင်း သားသမဂ္ဂတွေ၊မြို၊ခမီ၊မရမာကြီး၊ကမန်အပါအဝင် လူမျိုးပေါင်းစုံရဲ့ရခိုင်အရပ်ဖက်အဖွဲ့အစည်းတချို့တက်ရောက်ခဲ့ပါတယ်။
အစ္စလာမ်ဘာသာဝင်တွေရဲ့အိဒ်ပွဲအထိ မ်းအမှတ်အဖြစ် ရက္ခိုင့်တပ်တော်ကလည်း ဘူးသီးတောင်မြို့နယ်ရှိ မူဆလ င်ရွာသားတချို့ကို အဝတ်အထည်တွေလှူဒါန်းခဲ့ပါတယ်။