Photo – Kaung Zaw Hein / MPA
၂၀၂၂ ခုနှစ်၊ ဇူလှိုင် (၆) ရက်နေ့၊ ကရင်နီပြည်နယ်ရှိ လောပိတကျေးရွာအနီးတွင် KNDF တပ်ရင်း (၁၀)၊ ကရင်နီတပ်မတော် (KA)နှင့်ပူးပေါင်းတပ်ဖွဲ့တို့သည့် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့၀င်တစ်ချို့သေဆုံးခဲ့သည်။
“ အကြမ်းဖက်စစ်ကောင်စီတပ်ကို ဖြတ်တောက်ကာ အနီးကပ်တပ်ဖြန့်ပြီး ပစ်တဲ့အချိန်မှာ လမ်းပေါ်မှာ ၅ ယောက်လောက်ကျဆုံးတယ်။ ထိခိုကိဒါဏ်ရာရာတာ ၄ ဦး လောက်ထိတယ် ။ ရွာသားတစ်ဦးကို စစ်ကေင်စီတပ်တွေကသတ်လိုက်တယ်။ “ ဟု KNDF တပ်ရင်း (၁၀) မှတာ၀န်ရှိသူကဆိုသည်။
တိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်ကာ၊ အကြမ်းဖက်စစ်ကာင်စီက လက်နက်ကြီးများ၊ လေယာဥ် ၊ရဟတ်ယဉ်များ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန်စစ်ကူအင်အားတို့ဖြင့် တိုက်ခိုက်ခြင်းတို့ကိုပြုလုပ်ခဲ့သည်။
ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့၀င်များက အပြစ်မဲ့ ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း KNDF တပ်ရင်း (၁၀) မှတာ၀န်ရှိသူကဆိုသည်။