မကွေးတိုင်း၊ အောင်လံမြို့အခြေစိုက် အောင်လံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စခန်းကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၁၉ရက်နေ့ညက ဝင်ရောက်စီးနင်းခဲ့ပြီး PDFရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးမှာ ဖမ်းဆီးခြင်းခံခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲတွင် ကျဆုံးသူမှာ အသက်၁၈နှစ်အရွယ် မကွေးနည်းပညာတက္ကသိုလ်မှ ပထမနှစ်ကျောင်းသား တစ်ဦးဖြစ်သူ ကိုမင်းခန့်သစ္စာ ဖြစ်ကြောင်း သိရသည်။
“တစ်ယောက်ကျတယ်။ တစ်ယောက်အဖမ်းခံရတယ်။ လောလောဆယ်တစ်ဖွဲ့လုံး ပြေးနေကြရတယ်။ အဆက်အသွယ်တွေမရသေးဘူး” အောင်လံ(PDF)နှင့်နီးစပ်သူတစ်ဦးက MPAသို့အတည်ပြုပြောကြားသည်။
အောင်လံ(PDF)မှကာကွယ်ရေးတပ်များမှာ လက်ရှိအချိန်တွင် ယာယီစခန်းတစ်ခုသို့ ပြောင်းရွှေ့ထားကြောင်း ၎င်းတို့နီးစပ်သူများထံမှ သိရသည်။
ရဲရင့်စွာကျဆုံးခဲ့ရသော မင်းခန့်သစ္စာကို နည်းပညာတက္ကသိုလ်(မကွေး)၏ သူရဲကောင်းတစ်ဦးအဖြစ် လေးစားစွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါကြောင်း မကွေးနည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သတင်းထုတ်ပြန်ထားသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ်သည် နိုင်ငံနှင့် အဝှမ်းရှိ ၎င်းတို့ဆန့်ကျင်သည့်လူများကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်ဖမ်းဆီးခြင်း၊ ၎င်းတို့သတင်းရရှိသော နေရာများကိုရှာဖွေခြင်း၊ စီးနင်းခြင်းများအပြင် ၎င်းတို့ အထိနာလျက်ရှိသောနေရာများတွင် ရဟတ်ယာဉ်များပါအသုံးပြုပြီး တိုက်ခိုက်နေသည်။
” စစ်တပ်က အင်အားအလုံးအရင်းနဲ့ လာတာမျိုးဆိုရင် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့ ပြန်လည်ပြီးတော့ တိုက်ခိုက်ဖို့မလွယ်ကူဘူး။ အချို့ကလက်နက်မရှိဘူး။ ရှိတဲ့စခန်းတွေ ဆိုရင်လည်း ပြန်ချဖို့က ကျည်ဆံမလောက်ငတာတွေ ဘာတွေရှိတော့ စခန်းကိုစွန့်ကြရတာပေါ့” ဟု တော်လှန်ရေးသမားတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် လက်နက်အားကိုးဖြင့် အာဏာလုယူထားသော အကြမ်းဖက်စစ်တပ်ကို ပြည်သူလူထု အနေဖြင့် နေရာအနှံ့ပြားတွင် တော်လှန်လျက်ရှိနေသည်။
လက်ရှိအချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များလည်း နိုင်ငံအဝှမ်း ပေါ်ပေါက်လာခဲ့ပြီး လက်နက်အင်အားကွာခြားသည့်တိုင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြောက်ကျားတိုက်ခိုက်ခြင်းများကို ပြုလုပ်လျက် ရှိနေသည်။
Aung Lan People’s Defense Force Camp Raided and 18-Year-Old University Student Fallen
By MPA
On November 19 night, the terrorist military raided Aung Lan-based Aung Lan people’s defense force camp and one comrade was fallen and another arrested.
The fallen was Ko Min Khant Thitsar, an eighteen-year-old fist year university student from the Technological University (Magway).
“One was fallen. One was arrested. For now, the whole group is escaping. No contacts yet”, one close to Aung Lan PDF confirmed to MPA.
PDF forces in Aung Lan are being moved to a temporary camp at the moment, according to those close to them.
Min Khant Thitsar, who bravely sacrificed his life was honored and recorded by the Technological University (Magway) as a hero, the Technological University (Magway) reported.
At the moment, the terrorist military is carrying out shooting and arrest on those who oppose them; they are launching searches to places they are reported of and they are also using helicopters in areas where they get hurt.
“If the military comes in massive forces, it’s not easy for the people’s defense forces to attack. Some don’t have weapons. Also at camps, there are not enough bullets to fight back with; so, they have to leave the camp”, said one revolutionary.
In Myanmar, the terrorist military which took power by force is being opposed and resisted against across many areas.
Currently, the people’s defense forces have emerged; despite weapon imbalance, they are carrying out blast mine attacks and guerilla system attacks.