By MPA
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဖြိုးဇေယျာသော် နိုဝင်ဘာ ၁၈ ယနေ့ ညနေပိုင်းက ဖမ်းဆီးခံရကြောင်း ရန်ကကုန်မြို့ပြပျောက်ကြားလုပ်နေသူများထံမှသိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် နီးစပ်သူ တစ်ဦးက “အဆက်အသွယ် မရတော့တာတော့ မှန်တယ်။ ဖမ်းခံရတယ်လို့ ကျိန်းသေ မပြောနိုင်သေးဘူး။ အတည်ပြုဖို့ခက်နေတယ်” ဟု ပြောသည်။
ဒဂုံဆိပ်ကမ်းမြို့နယ်၊ နှင်းဆီအိမ်ရာသို့ ယနေ့ညနေ ၅နာရီအချိန်ခန့်က အကြမ်းဖက် စစ်တပ်များ ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ရာတွင် ဦးဖြိုးဇေယျာသော်ပါ ဖမ်းဆီးခံရသည်ဟု သတင်းထွက် ပေါ်နေခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖမ်းဆီးခံရကြောင်း သတင်းများ မထွက်ပေါ်ခင်ကတည်းက အကြမ်းဖက်စစ်တပ်က ဦးဖြိုးဇေယျာသော်ကို အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည်ဟု စွပ်စွဲထားမှုများ ရှိခဲ့သည်။
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ပင်လုံအိမ်ရာရှိ နေအိမ်တလုံးတွင် အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခန့်က ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ ခေါ် ဦးကျော်မင်းယုကို အကြမ်းဖက်စစ်တပ်က အင်အားအလုံး အရင်းဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက်တွင် ယင်းသို့ အခိုင်အမာ စွတ်စွဲခဲ့ခြင်း ဖြစ်သည်။
ကိုဂျင်မီကို Moon Light Operation အဖွဲ့အား ဦးဆောင်သူအနေဖြင့်လည်းကောင်း ဦးဖြိုးဇေယျာသော်ကို Yangon Urban Guerilla-YUG အဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝေဖြိုးဟန် ကို ရန်ကုန်တိုင်း PDF အဖွဲ့များခေါင်းဆောင်အဖြစ်လည်းကောင်း အကြမ်းဖက်စစ်တပ်က ပုံဖော်ထားသည်။
#MPA #ဇေယျာသော် #PDF #NUG #ဖမ်းခံရ
နတ်တလင်း စစ်ရှောင်များ ဆန်အခက်ကြောင့် ဟင်းသီးဟင်းရွက်ကိုသာ အဓိကထား စားနေရ
ပဲခူးတိုင်း၊နတ်တလင်းမြို့နယ်အတွင်း ရှိစစ်ရှောင်ပြည်သူ ၉၀၀ခန့်တို့မှာ စစ်ကောင်စီတပ်၏ ဆန်ဝယ်ယူခွင့် ကန့်သတ်ထားခြင်းကြောင့် ဟင်းသီးဟင်းရွက်ကိုသာ အဓိကထားစားသောက်နေရကြောင်း သိရသည်။ နတ်တလင်းမြို့နယ်၊ လေးအိမ်တန်း၊သရက်ချောင်း၊ကျောက်ပြုတ်၊ကွေ့ကြီး၊ညောင်လေးပင်၊ကြက်မနက်၊ကွင်းကျယ်၊ဆင်ဝိုင်း၊သဖန်းချောင်းနှင့် ဉာဏ်လယ်ရွာတို့မှ အိမ်ထောင်စု ၂၈၆ စု( လူဦးရေ ၈၉၆ ယောက် )တို့မှာ ယင်းသို့သော...