By Ko Paing/MPA
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်အတွင်း ငွေနှင့်ရိက္ခာတောင်းရမ်းရန် ထွက်လာသည့် စစ်သားများကို PDF တို့ ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးကြောင်း Earthquake People’s Defence Force က သတင်း ထုတ်ပြန်သည်။
ယနေ့ (မတ်လေးရက်)မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်တွင် ပခုက္ကူမြို့နယ်၊ညောင်ဂျစ်ပင်ကျေးရွာရှိ စစ်တပ်အထိုင်စခန်းမှ စစ်သား ငါးဦးသည် ခရီးသွားကားများနှင့်ကုန်ကားများထံမှ ငွေနှင့် ရိက္ခာ တောင်းရန် ထွက်လာစဥ် စောင့်ကြိုတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က ညောင်ဂျစ်ပင်ဘုန်းကြီးကျောင်းမှာတပ်စွဲနေတာ ၄၀၊၅၀ ဝန်းကျင်လောက်ရှိတယ်။ အဲ့ကနေ စစ်သားငါးယောက်က ပခုက္ကူကနေ ကံမ ပြန်တဲ့ ကုန်ကားတွေဆီကနေ ရိက္ခာတောင်း ရအောင်ထွက်လာတာမှာ ကျတော်တို့ ရှေ့ဆုံးကရဲဘော်တွေနဲ့ပစ်ခတ်မှုဖြစ်တာ။ပြီးတော့ သူတို့ ကင်းပုန်းတွေနဲ့ထပ်ပြီး ထိတွေ့ဖြစ်တယ်။အားလုံးဆို ၁၅ မိနစ်လောက်တော့ကြာမယ်”ဟု Earthquake People’s Defence Force တာဝန်ရှိသူ အရှည်ကြီး က MPAသို့ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကုန်ကား တစ်စီးထိခိုက်မှုရှိကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Earthquake People’s Defence Force၊ Thurain TR၊ Hunter (Pakokku)၊ Six Senses Guerrilla Force၊ Justice Revolution Force နှင့် မြိုင်ပကဖ (ကိုနှင်းဂွေး) တို့ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
စစ်သားများ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။