[ English Below ]
By MPA
ကရင်နီပြည်နယ် ဒီမောဆိုမြို့နယ်တွင် ကျဆုံးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ် စိုင်းဘုန်း မင်းသန့်၏ ရုပ်အလောင်းကို ကျဆုံးပြီး ရက်ပေါင်း ၄၀ ကြာမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း စိုင်းဘုန်းမင်းသန့်၏ မိခင်ဖြစ်သူက ပြောသည်။
စိုင်းဘုန်းမင်းသန့်သည် စက်တင်ဘာ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါပိုးစီ ကျေးရွာအနီး တိုက်ပွဲတွင် လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသူလည်း ဖြစ်သည်။
“နောက်ဆုံးတော့ သားရဲ့ DB ကို ရှာတွေ့ခဲ့ပါပြီ။ ကျဆုံးတယ်လို့သိရချိန်ကနေ DB ရတဲ့နေ့ထိ ရက်ပေါင်း (၄၀) တိတိ ကြာခဲ့ပါတယ်။ ဒီရက်တွေမှာ သားကိုချစ်တဲ့စိတ်နဲ့ တနေရာရာမှာ အသက်ရှင်နေပါစေဆိုတဲ့ မရဲတရဲ မျှော်လင့်ခဲ့ရတဲ့ မျှော်လင့်ချက်တွေလည်း အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်” ဟု စိုင်းဘုန်းမင်းသန့်ရဲ့ မိခင်က လူမှုကွန်ယက်စာမျက်နှာတွင် ကြေကွဲဝမ်းနည်းစွာ ရေးသားခဲ့သည်။
စိုင်းဘုန်းမင်းသန့်၏ ရုပ်အလောင်းကို မကျဆုံးခင်အချိန်တွင် အတူရှိခဲ့သည့် သူ၏ ချစ်သူမိန်းကလေး၏ ညွှန်ပြမှုဖြင့် ၎င်း၏ တပ်ဖွဲ့မှ ပြန်လည်ရှာဖွေပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းဘုန်းမင်းသန့် ကျဆုံးခဲ့သည့် ဖြစ်စဉ်ကို မျက်မြင်တွေ့ခဲ့ရသည့် သူ၏ ချစ်သူကလည်း ကျဆုံးခဲ့သည့် ဖြစ်စဉ်ကို ကြေကွဲဝမ်းနည်းစွာ ရေးသားခဲ့သေးသည်။
“ငါ့မျက်စိရှေ့တင် နင် ကျသွားတာကို မြင်ခဲ့ရပြီး ငါ့တစ်ယောက်ထဲ တစ်ညနဲ့တစ်မနက်လုံး။ တောကြီးမျက်မဲထဲကနေ နာရီပေါင်းများစွာ လမ်းလျှောက်လာခဲ့ရပေမယ့် နင်ပြန်မပါတော့ ငါ ဘယ်လောက်တောင် သွေးပျက်ပြီး ကြေကွဲနေရမလဲဆိုတာ နင်မြင်နေမယ်မလား။ ငါ့ကို ဘာလို့ ထားခဲ့ရတာလဲဟာ အကောင်းဆုံး ကြိုးစားပြီး မကယ်ပေးလိုက်နိုင်တဲ့ ငါ့ကိုယ်ငါလည်း တစ်သက်လုံး အပြစ်တင်နေမှာ နင်သိလား။ စ သိကတည်းက ထွက်သွားတဲ့အချိန်ထိ ငါ့ကို ကာကွယ်စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စိုင်းရယ်”ဟု ရေးသားခဲ့ခြင်းဖြစ်သည်။
အသက် ၂၀ ကျော်သာရှိသေးသည့် စိုင်းဘုန်းမင်းသန့်သည် မန္တလေးစက်မှုလက်မှုသိပ္ပံကျောင်း ကျောင်းသားများသမဂ္ဂ ဒု – ဥက္ကဌတစ်ဦးလည်း ဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုအပြီးကတည်းက မန္တလေးမြို့ပေါ် ဆန္ဒပြပွဲများတွင် ဦးဆောင်လှုပ်ရှားနေသူ တစ်ဦးလည်း ဖြစ်သည်။
မြို့ပေါ် ဆန္ဒပြပွဲများကို အကြမ်းဖက်စစ်တပ်က အပြင်းအထန်ဖိနှိပ်လာရာတွင် လက်နက်ကိုင်တော်လှန်ရေးကို ရွေးချယ်ပြီးနောက် အကြမ်းဖက်စစ်တပ်များနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်နေသော ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့စဉ် ကျဆုံးခဲ့ခြင်းဖြစ်သည်။
#စိုင်းဘုန်းမင်းသန့် #အလောင်းပြန်လည်ရှာတွေ့ #MPA
[ English Version ]
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်
ခင်ဦးမြို့နယ်၊ အင်းပတ်ဘူတာအနီး ကင်းပုန်းဝပ်ကာ ပြည်သူတို့၏ဖုန်းနှင့်ငွေ လုယက်ခဲ့သော စစ်ကောင်စီတပ်သည် ယနေ့နံနက်ပိုင်း၌ လမ်းသွားလမ်းလာများအား သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် အင်းပတ်ဘူတာအနီး လမ်းသွားလမ်းလာနှင့် တောသွားပြည်သူများအား လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။...