By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးတိုက်နယ်အတွင်း ကင်းတံခါးပိတ်ရန်လာသည့် စစ်သားများကို စောင့်ဆိုင်းပစ်ခတ်ခဲ့ရာ သုံးဦးသေဆုံးခဲ့ကြောင်း ကြောင်လက်သည်း(ရွာသာကြီး တိုက်နယ်-ပကဖ)အဖွဲ့က သတင်းထုတ်ပြန်သည်။
နိုဝင်ဘာသုံးရက်၊ ညနေပိုင်းတွင် ဝက်လက်မြို့နယ်၊ရွာသာကြီးတိုက်နယ်ရှိ စစ်ကောင်စီအထိုင် စခန်းနှင့် မီတာ ၂၅၀ ခန့်အကွာရှိ ရွာတော်ဘက်အထွက် လမ်းလေးဆုံ ကင်းတံခါးကို သွားပိတ်သည့် စစ်သားများအား ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“သူတို့က တံခါးလာပိတ်တဲ့အချိန်က နှစ်ယောက်။တံခါးလာပိတ်ချိန်ဆို တံခါးနားက တိုက်ပေါ်မှာ ကင်းပုန်းဝပ်ပေးတဲ့ တစ်ကောင်ရှိတယ်။ကျတော်တို့က တစ်ပတ်လောက်စောင့်ထားတာ။မနေ့က အပိုင်ဖြစ်သွားတော့ လုပ်လို့ကောင်းသွားတယ်။တံခါးလာပိတ်တဲ့ နှစ်ကောင်ကို ကျတော်တို့ စပစ် တော့ လဲကျသွားချိန်မှာ တိုက်ပေါ်က ကောင်က ကျတော်တို့ကို စပစ်တယ်။တိုက်ပေါ်က ကောင်ကို ကျတော်တို့က စနိုက်(စနိုက်ပါ)နဲ့ထောက်လိုက်တယ်” ဟု ကြောင်လက်သည်း(ရွာသာကြီးတိုက် နယ်-ပကဖ)မှ တာဝန်ခံ ကိုဖက်တီး က MPAသို့ပြောသည်။
ယင်းနောက် စစ်ကူစစ်သားငါးဦး ရောက်လာပြီး လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ရာ တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“သေတဲ့ခွေး သုံးကောင်မှာ နှစ်ကောင်ကတော့ လဲကျသွားတယ်။တိုက်ပေါ်က ကောင်ကတော့ ကျတော်တို့ တစ်ချက်ပစ်လိုက်တော့ လက်ခါသွားတယ်။ကျတော်တို့ထပ်ပြီး ဖိပစ်တာမှာ သေ တယ်။သူ့ကိုတော့ အလောင်းကောက်၊ မကောက် ကျတော်တို့မသိဘူး။လမ်းပေါ်က နှစ်ကောင် ကိုတော့ သူတို့ အလောင်းကိုဆွဲသွားတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို ကြောင်လက်သည်း(ရွာသာကြီးတိုက်နယ်-ပကဖ)၊ မီးတောက် Local PDFနှင့်တွေ့မရှောင်(Local PDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးရဲဘော်များ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
စစ်သားသေဆုံးမှုနှင့်ပတ်သက်၍ MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။