By MPA
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကန့်ဒေါင့်ရွာ အ နောက်ဖက် ပိတောက်ကုန်း လမ်းခွဲအနီး ယနေ့ အောက်တိုဘာ ၄ ရက် မနက် ၇း၃၀ ဝန်းကျင် တွင် စစ်ကောင်စီယာဥ်တန်းအား မိုင်းဆွဲတိုက် ခိုက်ခဲ့သဖြင့် မိုင်း ၇ လုံးကွဲကာ စစ်ကောင်စီတပ် သား ၂ ဦးသေဆုံး၍ ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကား ၁ စီး ပျက်စီးခဲ့ကြောင်း ပြည်သူ့တော် လှန်ရေးတပ်မတော်- PRA က သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ယနေ့မနက်ပိုင်း ၉း၃၀ ခန့်တွင် မကွေး တိုင်း၊ ကျောမြို့ဘက်မှ စစ်အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီယာဥ်တန်းများအား နလန်တောင်အနီးတွင် PRA မှ ဆွဲမိုင်းများဖြင့် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ် သား ၁၃ ဦး သေဆုံးပြီး ၂၀ ခန့် ထိခိုက်ဒဏ်ရာ ရှိခဲ့ကြောင်း သိရ သည်။
ပြည်သူ့တော်လှန်ရေးတပ်မတော်-PRA မှ အာဏာ သိမ်း ၈ လပြည့်သည့် အောက်တိုဘာလ ၁ ရက်နေ့ က သင်တန်းများရပ်နားပြီး ထိုးစစ်များစတင် မည်ဟု ကြေငြာခဲ့ပြီး ၂ ရက်အတွင်း ယင်းကဲ့သို့ တိုက်ခိုက်မှုများပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီဘက်မှလည်း ၄င်းတို့ အထိနာ နေသည့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ထိန်းချုပ်နယ်မြေစစ်ကိုင်းတိုင်း၊မကွေး(ယောဒေသ)၊ ချင်း ပြည်နယ်သို့ ကစထ-၆ ကစထမှူး၊ ရဲချုပ် ဒု-ဗိုလ် ချုပ်ကြီးသန်းလှိုင် ဦးစီး၍ ထိုးစစ် ဆင်နေသော် လည်း အထိခိုက်ကျဆုံးဆက်လက် မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲဲ့အသီးသီးအား ၅လ အကြာ အပစ်ရပ်ကြောင်း ကြေငြာထားပြီး PDF အင်အားကြီးမား ရာဒေသများသို့ စစ်အင်အားဖြည့်တင်းမှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း သိရသည်။
#PDF #စစ်ကောင်စီ #တိုက်ပွဲပြင်းထန် #MPA