စစ်ကောင်စီက ၄င်းတို့၏လက်အောက်ခံ တပ်ဖွဲ့ဝင်များ ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေသဖြင့် PDF ရှိရာဒေသများမှ တပ်ဖွဲ့ဝင်များနှင့် အဆိုပါဒေသများသို့လာရောက်မည့်တပ်ဖွဲ့ဝင်များအနေဖြင့် ယာဉ်တန်းဖြင့်သာ သွားလာရန် ညွှန်ကြားထားကြောင်း စစ်တပ်အသိုင်း အဝိုင်းထံက သိရသည်။
PDFတပ်ဖွဲ့များအင်အားကောင်းသော စစ်ကိုင်း တိုင်း၊ ချင်းပြည်နယ်၊ ရန်ကုန် တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ တနသာ်ရီတိုင်း၊ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် စသည့်ဒေသများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အဆို ပါဒေသများသို့သွားရောက်မည့် စစ်ကောင်စီတပ် သားများအနေဖြင့် သွားလာရာတွင် ယာဥ်တန်း၊ ပွိုင့်ကားများဖြင့်သာသွားလာရမည်ဖြစ်ပြီး ပြင်ပခရီးသည်တင်ကားများ၊လိုင်းကားများစီး နင်းခွင့်နှင့် တဦးတယောက်ထဲသွားလာမှုမပြုလုပ်ရန် ညွှန်ကြားထားကြောင်း သိရသည်။
” တာဝန်နဲ့ဘဲသွားသွား၊ စျေးဝယ်သွားသွား ယာဉ်တန်းနဲ့သွားရတယ်။ နောက်ပြီး တစ်ယောက်ထဲသွားလို့မရဘူး။ အနည်းဆုံး ၃ယောက်လောက် သွားရတယ်။တာဝန်နဲ့ခရီးသွားရရင်တောင် လိုင်း ကားတွေ၊ အဝေးပြေးကားတို့ စီးလို့မရဘူး။ ခုက ယာဥ်တန်းနဲ့တောင် မိုင်းဆွဲတာတွေ ချောင်းပစ်တာတွေရှိနေလို့ ပိတ်ထားတာ။” ရန်ကုန်တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ရင်းတခု၏ တပ်မိသားစုဝင်တဦးက MPAသို့ပြောသည်။
ထို့ပြင် အကြောင်းရင်းမခိုင်လုံဘဲ တပ်ပြင်သို့ ထွက်ခွင့်မရှိကြောင်းနှင့် စစ်သည်မိသားစုများ ပြင်ပနေထိုင်ခွင့်အား ပြီးခဲ့သည့် မေလမှစ၍ ခွင့်မပြုတော့ကြောင်း သိရသည်။
စစ်ကောင်စီလက်အောက်ခံစစ်သားများနှင့် ရဲ များအနေဖြင့် ဒေသအသီးသီးရှိ PDFများ၏ အနီးကပ်လုပ်ကြံသတ်ဖြတ်ခံရမှုများ ဆက်တိုက် ဖြစ်ပေါ်လျက်ရှိနေသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ရန်ကုန်မြို့ အပါအဝင် ဒေသအသီးသီးတွင် ချောင်းမြောင်း ပစ်ခတ်ခံရခြင်း၊ မိုင်းဆွဲခံရခြင်းများ ဖြစ်ပေါ် နေပြီး သေဆုံး/ဒဏ်ရာရရှိသူအများအပြားရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်စက်တင်ဘာလ ဒုတိယအပတ်က စမ်း ချောင်းမြို့နယ်အတွင်း ကင်းလှည့်နေသည့် စစ် ကားတစီး ဗုံး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရမှုကြောင့် ဗိုလ်မှူးအဆင့်ရှိသူအပါ ၃ဦး သေဆုံးခဲ့ သည့်ဖြစ်စဥ်အပါအဝင် လမ်းမများပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေ့စဥ်ပစ်ခတ်တိုက် ခိုက်ခံနေရကြောင်း သိရသည်။