By MPA
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ကုန်းသာကျေးရွာအနီးတွင် စက်တင်ဘာလ၂၉ ရက် နေ့လယ် ၁၂ နာရီမှ ညနေ ၅ နာရီအထိ စစ်ကောင်စီတပ်များနှင့် KNDF ၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားလျှက်ရှိရာ တိုက်ပွဲများတွင်အကြမ်းဖက်စစ်တပ်မှ၃၀ဦး သေဆုံးပြီး ဖယ်ခုံPDF ရဲဘော် ၄ ဦး နှင့် KNDF ရဲဘော်တစ်ဦး ၁ ဦးကျဆုံးခဲ့ကြောင်း ကနဦးသတင်းရရှိသည်။
ကုန်းသာကျေးရွာတိုက်ပွဲတွင် ဖယ်ခုံPDFကအင်အား ၃၀၀ နီးပါးပါဝင်ပြီး တနေကုန်နီးပါး တိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၃၀ ဦး ထိခိုက် သေဆုံးခဲ့ပြီး ၃၀ ဦးခန့်ထိခိုက်ဒဏ်ရာရခဲ့သည်ဟုလည်း ၎င်းတို့၏ KNDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNDF ၊ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့သည် တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လက်နက်အပြည့်တင်လာသော ကားတစ်စီးကို တိုက်ခိုက်မီးရှို့ ဖျက်စီးနိုင်ခဲ့သည်ဟုဆိုသည်။
ဖယ်ခုံမြို့ စစ်ကောင်စီ (၄၂၂)တပ်ရင်းအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်မျာ၏ ခေါင်းမိုင်း တောင်နှင့် မိုးဗြဲသဲတောင်စခန်းတို့ကို KNDF နှင့်ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီများမှ တပ်ဆုတ်ထွက်ပြေးခဲ့ရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များ သည် ဖယ်ခုံ၊မိုးဗြဲလွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များအတွင်းသို့ အကြမ်းဖက်ထိုးစစ်ဆင်လျက်ရှိပြီး၊ လက်နက်ကြီးပစ်ကူများဖြင့် ရမ်းသမ်းပစ်ခတ်ကာ ထိုမြို့နယ်များရှိ ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို တိုက်ခိုက်ဖျက်စီးလျက်ရှိသည်။
ကရင်နီပြည်နယ်အတွင်းဖြစ်ပွားသောတိုက်ပွဲများတွင်ကရင်နီဒေသခံကာကွယ်ရေးတပ်များဖြစ်သော ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊မြို့နယ်အလိုက်ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ကရင်နီတပ်မတော်တို့ပူးပေါင်းပြီးတိုက်ခိုက်ကြခြင်းဖြစ်သည်။
ရှမ်း-ကယားနယ်စပ် ဖယ်ခုံ- မိုးဗြဲ ဒီမောဆို-လွိုင်ကော်မြို့နယ်များရှိပြည်သူများသည် စစ်ကောင်စီ၏ထိုးစစ်ဆင်တိုက်ခိုက်မှု့ကြောင့် စစ်ပွဲ၏ဆိုးကျိုးဒဏ်များကိုအလူးအလဲခံစားရလျှက်ရှိသည်။