By MPA
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်အတွင်းက ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူးမြို့နယ် ၃ ခု အား အ ကြမ်းဖက်စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများဖြတ်တောက်ခဲ့ပြီး ရဟတ်ယာဥ်များဖြင့်ပါ အင်အားသုံး တိုက်ခိုက်လာသဖြင့် နိုင် ငံတဝှမ်း PDFတပ်ဖွဲ့အားလုံးမှ ဝိုင်းဝန်းတိုက်ခိုက် ပေးကြရန် ယနေ့ စက်တင်ဘာ ၂၆ရက်မနက်ပိုင်းက ၄င်းတို့၏ဖေ့ဘွတ်လူမှုကွန်ရက်က တဆင့် PDF (ပင်လည်ဘူး)က တောင်းဆိုလိုက်ကြောင်း သိရသည်။
မြေပြင်ဆက်သွယ်မှုအားလုံးဖြတ်တောက် ၍ တိုက်ခိုက်လာသဖြင့် မသက်ဆိုင်သည့် အခြား ပြည်သူများသေကြေပျက်စီးမှုမရှိစေရေး စစ်ကောင်စီ၏ ထိုးစစ်လျော့ကျစေရန် ဝိုင်းဝန်း တိုက်ခိုက်ကြရန် တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၄ ရက်နေ့က ပင်လည်ဘူးမြို့နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်တပ်ဖွဲ့များနှင့် KIAတပ်ဖွဲ့တို့ပူးပေါင်းတိုက် ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ ဝန်းသိုအခြေစိုက် ခလရ ၁၂၀တပ်ရင်းအပါအဝင် စစ်ကောင်စီတပ်ရင်းများမှ အရာရှိကြီးများနှင့် အင် အား ၄၀ ဝန်းကျင်သေ ဆုံးခဲ့ပြီး လက်နက်ခဲယမ်းအမြောက်အများ ဆုံး ရှုံးခဲ့ရပြီးနောက် ယခုကဲ့သို့ မြေပြင်၊ဝေဟင် အင် အားအမြောက်အမြားအသုံးပြုပြီး ဖြတ် ၄ ဖြတ် ပြုလုပ် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။
#ပင်လည်ဘူး #PDF #MPA