By MPA
မကွေးတိုင်း၊ရေစကြို မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ရှိသည့် နေရာကိုအကြမ်းဖက်စစ်တပ်က ၁၉ရက်နေ့ နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့်ဝင်ရောက်ကျူးကျော် တိုက်ခိုက်ခဲ့သည့်အတွက် PDFအဖွဲ့ဝင်များစခန်းကိုစွန့်ခွာသွားခဲ့ရပြီး လက်ရှိအချိန်တွင်PDFအဖွဲ့ဝင်များလုံခြုံဘေးကင်းသောနေရာတွင်ရှိနေပြီဖြစ်ကြောင်းသိရသည်။
အကြမ်းဖက်စစ်တပ်အနေဖြင့် သြဂုတ်လ၁၉ရက်နေ့ နံနက်ပိုင်းတွင်ရေစကြိုPDFစခန်းကို အင်အား၁၀၀ခန့်ဖြင့်ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီးPDFအဖွဲ့အေနဖြင့်ရေစကြိုမြို့တွင် တိုက်ပွဲဖော်ဆောင်ရန် အချိန်မကျရောက်သေးခြင်းမိမိတို့သစ္စာခံရာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏တိုက်ပွဲခေါ်သံကိုစောင့်ဆိုင်းနေခြင်းများကြောင့်စခန်းအားစွန့်ခွါ၍တပ်ဆုတ်ခဲ့ရသည်ဟု ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ကထုတ်ပြန်ထားသည်။
“မနေ့ကမနက်ကဖြစ်တာပါ။ နှစ်ဖက်တိုက်ပွဲတော့ ဖြစ်ပွားခဲ့တာမျိုးမရှိဘူးလက်နက်တွေတော့ ပါသွားတာကြားရပါတယ်။အားလုံးသိသလောက်ပဲသိရပါသေးတယ်။စခန်းစွန့်တဲ့သဘောမျိုးပါ။ချိတ်ဆက်ဖို့ကြိုးစားနေပါတယ်”ဟုအမည်မဖော်လိုသူပြည်သူ့တော်လှန်ရေးသမားတစ်ဦးကMPAသို့ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ရေစကြိုရှိ စခန်းကိုကျူးကျော်ခဲ့ပြီး စခန်းကိုမီးရှို့ဖျက်ဆီးခြင်း၊လက်နက်ပစ္စည်းများမီးစက်များဆိုင်ကယ်များစက်ယန္တရားများနှင့် ဆန်ရိက္ခာများကို ယူဆောင်သွားခဲ့ကြကြောင်းသိရသည်။
ရေစကြိုမြို့တွင်သြဂုတ်လ၁၉ရက်နေ့နံနက်ပိုင်းကဌာနဆိုင်ရာစုပေါင်းရုံးအတွင်း ဗုံးနှစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရေစကြိုPDFက ၎င်းတို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းကြေညာထားသည်။ထို့အပြင်ရေစကြိုမြို့သည် သတင်းပေးဒလန်များ မကြာခဏအသတ်ခံနေရသောမြို့ဖြစ်သည်။၊
လက်ရှိအချိန်တွင်စစ်အုပ်စုအနေဖြင့် မြို့ကြီးများတွင် သာမကမြို့နယ်များတွင် PDFဟုယူဆနိုင်သော နေရာများ၊လူငယ်များကိုပိုက်စိပ်တိုက်ရှာဖွေခြင်းများပြုလုပ်လျက်ရှိနေပြီး လူငယ်အများအပြားကိုလည်း အကြောင်းပြချက်မျိုးစုံဖြင့်ဖမ်းဆီးလျက်ရှိနေသည်။
#ရေစကြို#PDF #MPA