By MPA
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေဂုံတိုင် ဂုံးကျော်တံတား အောက်ရှိ ဗဟန်းမြို့နယ် တရားရုံးဝင်ပေါက်ရှေ့ အနီးတွင် ယနေ့ သြဂုတ်လ ၂ ရက်နေ့ နေ့လယ် ၃ နာရီ ဝန်းကျင်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်တစ်ဦးထံမှ သိရသည်။
“ အုန်းဆိုပြီး ပေါက်သံကြားလို့ ထွက်ကြည့်တာ မီးခိုးလုံးကြီးတော့ တက်လာတာပဲ။ လူထိ မထိတော့ မသိဘူး။ အသံကြားပြီး မီးခိုးထွက်လာတဲ့နေရာက ဗဟန်းတရားရုံး အရှေ့နားမှာပဲ” ဟု ဗဟန်းမြို့ခံ တစ်ဦးက ပြောသည်။
အာဏာသိမ်း စစ်ကောင်စီသည် ယမန်နေ့ သြဂုတ် ၁ ရက်နေ့တွင် အိမ်စောင့်အစိုးရအဖြစ် ပြင်ဆင် ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး ထို့နေ့ တစ်ရက်တည်းမှာပင် ရန်ကုန်အတွင်းရှိ မြို့နယ် အများစုတွင် ဆန္ဒပြ လူငယ်များကို အင်အားအလုံးအရင်းနှင့် ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ရှိနေကြောင်း သိရှိရသည်။
ထိူ့အပြင် ရန်ကုန် PDF လူငယ်များကို ဖောက်ခွဲမှုများဖြင့် လက်လုပ်မိုင်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ သတင်းထုတ်ပြန်ရာတွင် မြန်မာတစ်ပြည်လုံး ဖမ်းမိသည့် လူငယ် ထောင်နှင့်ချီပြီဟု ၎င်းတို့၏ ထုတ်ပြန်ချက်များအရ သိရသည်။