• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ပေါက်၊ ဇီးပြားပျူရွာတိုက်ပွဲတွင် ကျဆုံးသွားသော PDFများထဲ၌ အမျိုးသမီးရဲမေတစ်ဦး ပါဝင်

MPA CJ011 by MPA CJ011
Nov 17, 2023
in PDF, သတင်း
0
0
ပေါက်၊ ဇီးပြားပျူရွာတိုက်ပွဲတွင် ကျဆုံးသွားသော PDFများထဲ၌ အမျိုးသမီးရဲမေတစ်ဦး ပါဝင်

ဓာတ်ပုံ - မြိုင်ပကဖ ပုံစာ - မီးရှို့ဖျက်ဆီးခဲ့သော ဇီးပြားပျူရွှာမှ ပျူစောထီးများနေထိုင်သော အ‌ဆောက်အအုံများ။

Share on FacebookShare on Twitter

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားပျူ‌စောထီးရွာ ဝင်ရောက်တိုက်ခိုက်မှုတွင် ကျဆုံးသွားသော PDF ရဲဘော်များထဲ၌ အမျိုးသမီးရဲမေတစ်ဦး ပါဝင်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် PDF ရဲဘော် ၂၁ဦးကျဆုံးခဲ့ပြီး ရုပ်အလောင်း ၃ခုသာပြန်လည်ရရှိခဲ့ကာ သင်္ဂြိုလ်ပြီးစီးပြီဖြစ်ကြောင်း၊ ကျဆုံးသွားသော ရဲဘော်များ၏ မိခင်အဖွဲ့အစည်းအမည်ကိုမူ စာရင်းမပြုလုပ်ရသေးကြောင်း မြိုင်မြောက်ပိုင်းဇုန်ပကဖတာဝန်ခံ ဗိုလ်ခရောစ့်က MPA သို့ပြောသည်။

” ကျသွားတဲ့အထဲမှာ အမျိုးသမီးရဲမေ ၁ဦးလည်းပါတယ်။ သူကတော့‌ေဆးဆရာမ‌ပေါ့။ ဇီးပြားသူပဲ။ ကျနော်တို့ရဲ့ တပ်စိတ်တွေထဲမှာလည်း ပါတယ်။ လက်နက်ကိုင်ပြီးလည်း တိုက်နေတာပေါ့” ဟု ၎င်းကပြောသည်။

နိုဝင်ဘာ ၁၅ရက်၊ နံနက် ၅နာရီခန့်က ဇီးပြားရဲစခန်းနှင့် ကျေးရွာအတွင်းသို့ PDFတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းရှိ ဘန်ကာနှင့် ဇီးပြားဘူတာရုံရှိဘန်ကာများအားလုံးကိုသိမ်းဆည်းနိုင်သည့်အပြင် ပျူစောထီးများစခန်းချထားသော အဆောက်အအုံများပါ မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

ယင်းသို့ ဇီးပြားပျူရွာကို စီးနင်းနေသည့် မွန်းတည့် ၁၂နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ၏ ပြန်လည် အဝိုင်းခံလိုက်ရသဖြင့် PDF ရဲဘော် ၂၁ဦးကျဆုံးသွားခြင်းဖြစ်ကြောင်း ဗိုလ်ခရောစ့်ကပြောသည်။

“ အဝိုင်းခံလိုက်ရတာပေါ့။ ကင်းပွိုင့်ယူတဲ့ ကိုယ့်ရဲ့တပ်စိတ်ကအဝိုင်းခံလိုက်ရတာ။ သူတို့က အင်အားအလုံးအရင်းနဲ့ ပစ်တက်တက်လာတာ။ သူတို့ကလုံးဝကျတော့မှာ။ ဘုန်းကြီးကျောင်းနဲ့ စခန်း ၂နေရာပဲကျန်တော့တာ။ အဲ့မှာ သူတို့က အသေခံတိုက်မယ်ဆိုပြီး အမျိုးသမီးတွေကပါ ဓားတွေနဲ့တက်ခုတ်တာ” ဟု ၎င်းကပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နိုဝင်ဘာ ၁၅ရက်၊ နံနက် ၉နာရီခန့်တွင် စစ်ကောင်စီတပ်က Mi-35 ရဟတ်ယာဉ်ဖြင့် ၃ကြိမ်ပစ်ခတ်ခဲ့သည့်အပြင် ပေါက် ကပစ -၂၄ မှ ၁၂၀(မမ)လက်နက်ကြီးဖြင့် အကြိမ်ရေ ရာဂဏန်းအထိပစ်ကူပေးခဲ့ကြောင်း ယင်း တိုက်ပွဲ၌ ပါဝင်သည့် ရဲဘော်တစ်ဦးကပြောသည်။

” လေယာဉ် ၃ခါလာတယ်။ ၉ကြိမ်ပစ်သွားတယ်။ မနက် ၉နာရီလောက်ကနေ လာပစ်တော့တာ ညနေအထိပဲ။ ကျနော်တို့ ရွာတစ်ဝက်ကျော်ထိ ဝင်နိုင်တယ်။ စခန်းနဲ့ ဘုန်းကြီးကျောင်းပဲကျန်ခဲ့တာ” ဟု ၎င်းကပြောသည်။

ယင်းတိုက်ခိုက်မှုတွင် စစ်သား၊ ရဲနှင့် ပျူစောထီး စုစုပေါင်း ၃၀ကျော်သေဆုံးပြီး ရှေ့ထွက်မိုင်း ၅လုံးနှင့် လက်ပစ်ဗုံး ၈လုံးတို့ကိုသိမ်းဆည်ရမိကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်ထားသည်။

” ပျူတွေနေတဲ့အဆောက်အအုံတွေကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်။ စစ်သားတွေ ရဲတွေ ပျူတွေရဲ့ အလောင်းတွေကိုလည်း မီးထဲထည့်ရှို့ခဲ့လိုက်တယ်” ဟု မြိုင်ပကဖ သတင်းပြန်ကြားတာဝန်ခံက ပြောသည်။

ဇီးပြားပျူရွာကို နိုဝင်ဘာ ၁၀ရက်၊ညနေ ၃နရီခွဲခန့်က စတင်ချဉ်းကပ်ခဲ့ပြီး ညနေ ၅နာရီ မိနစ် ၅၀ခန့်တွင် စစ်ကောင်စီတပ်ဘက်က ကင်းထောက် ဒရုန်းကိုပစ်ချခဲ့ကြောင်း ၎င်း ဒရုန်းကို လာကောက်သော စစ်သား ၂ဦးကိုလည်း ပစ်ခတ်ခဲ့ရာ ၂ဦးစလုံးသေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာ ၁၀ရက်မှ ၁၄ရက်နေ့အထိ ဒရုန်းဖြင့် ၅ရက်ဆက်တိုက် ဗုံးသီး အလုံး ၁၀၀၀ခန့် ဆက်တိုက်ကြဲချတိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၅ရက်နေ့မှ ရွာထဲသို့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ဇီးပြားပျူရွာတွင် စစ်သားနှင့် ရဲ ၂၀ဝန်းကျင်ရှိပြီး ပျူစောထီး ၄၀ဝန်းကျင်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၁၅ရက်၊ ဇီးပြားပျူရွာကို ဝင်ရောက်တိုက်ခိုက်နေစဉ် မဟာမိတ်တပ်ဖွဲ့များက မြိုင်မြို့ပေါ်ရှိ စစ်တပ်အထိုင်ချနေရာများ၊ ကန်နီပျူရွာ၊ ကိုင်းတောမရဲစခန်း၊ တွင်းမပျူစခန်း၊ သရက်ကန်ပျူစခန်းနှင့် ပခုက္ကူတပ်မ- ၁၀၁တို့ကို လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုများကို မြိုင်ပကဖတပ်ရင်း ၁၊ တပ်ရင်း ၂နှင့် ပေါက်ကျေးရွာပကဖတပ်ဖွဲ့များ၊ YRF (ပေါက်)၊ Earthquake People Defense Force၊ တောင်ညိုနဂါးတပ်ဖွဲ့နှင့် Royal 7 တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။

Tags: ဇီးပြားပျူ‌စောထီးရွာပေါက်မြို့နယ်
Advertisement Advertisement Advertisement
ADVERTISEMENT
MPA CJ011

MPA CJ011

ဆက်စပ် သတင်းများ

နိုင်ငံရေး

ပေါက် ရွာနှစ်ရွာတွင် ဒေသခံများကို စစ်သင်တန်း‌ပေးကာ ပျူဇာတ်သွင်းနေ

Mar 19, 2025
ပေါက်မြာက်ပိုင်း ပျူရွာများတွင် အခြေခံစားသောက်ကုန် ပြတ်

By Hsu Yee / MPA မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပျူစောထီးရွာနှစ်ရွာတွင် ဒေသခံများကို စစ်သင်တန်းပေးကာ ပျူဇာတ်သွင်းနေကြောင်း သိရသည်။ ၂၀၂၄ နှစ်ကုန်ပိုင်းမှစ၍ ပေါက်မြို့နယ်ရှိ ရွှေဘုံသာနှင့် ထန်းတပင်ပျူရွာများမှ ရွာခံအမျိုးသားများကို တစ်အိမ်တစ်ယောက် မ‌တက်မနေရ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ပေါက်တွင် ပျူနှစ်ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

Mar 17, 2025
ပေါက်မြာက်ပိုင်း ပျူရွာများတွင် အခြေခံစားသောက်ကုန် ပြတ်

By Hsu Yee / MPA မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် ကင်းပတ်ထွက်လာသည့် ပျူစောထီးနှစ်ဦး ပစ်ခတ်ခံရကာ သေဆုံးပြီးနောက် စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ကြောင်းသိရသည်။ မတ်လ ၁၆ ရက် နံနက်ပိုင်း၌ ပေါက်မြို့နယ်တောင်ပိုင်း တပ်ကုန်းပျူရွာမှ ပျူခေါင်းဆောင်...

Read more
by Thar Nge Lay
0 Comments
Fact Check

ပေါက်နှင့်မြိုင်အစပ်ရှိ ရွာများ နှင့် ရေနံမှော်ကို လေကြောင်းတိုက်ခိုက်ရာ PDFများ ထိခိုက်သေဆုံးမှုများ ဆိုသည့် သတင်းအမှား

Mar 5, 2025
ပေါက်နှင့်မြိုင်အစပ်ရှိ ရွာများ နှင့် ရေနံမှော်ကို လေကြောင်းတိုက်ခိုက်ရာ PDFများ ထိခိုက်သေဆုံးမှုများ ဆိုသည့် သတင်းအမှား

By Wadi/MPA မကွေးတိုင်း၊ ပေါက်မြို့နယ် နှင့် မြိုင်မြို့နယ်အစပ်ရှိ လက်ပံတိုရေနံမှော်ကို စစ်ကောင်စီက လေကြောင်းဖြင့် ရှင်းလင်းခဲ့ရာ PDF အများအပြား သေဆုံးဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။ “People Media”...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ပေါက် စစ်ရေးပစ်မှတ်များကို PDFပူးပေါင်းတပ် အင်အားအလုံးအရင်းဖြင့် ဝင်တိုက် အညာဒေသစစ်ဆင်ရေး ဆင်နွှဲခြင်းဟုဆို

Jul 8, 2024
ပေါက် စစ်ရေးပစ်မှတ်များကို PDFပူးပေါင်းတပ် အင်အားအလုံးအရင်းဖြင့် ဝင်တိုက် အညာဒေသစစ်ဆင်ရေး ဆင်နွှဲခြင်းဟုဆို

By Nway / MPA မကွေးတိုင်း ၊ ပေါက်မြို့နယ်အတွင်းရှိ စစ်ရေးပစ်မှတ်များကို PDF ပူးပေါင်းတပ်ဖွဲ့က အညာဒေသစစ်ဆင်ရေးအဖြစ် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဇူလိုင်ခုနှစ်ရက်၊ ညနေငါးနာရီဝန်းကျင်မှစ၍ ည ၁၀ နာရီအထိ ပေါက်မြို့နယ်...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

ပေါက် အမြဲတမ်းစစ်‌ရှောင် ၁၀၀၀ခန့် စစ်သားများ လာလုနေသောကြောင့် နေရာထပ်ရွှေ့နေရ

May 27, 2024
ပေါက် အမြဲတမ်းစစ်‌ရှောင် ၁၀၀၀ခန့် စစ်သားများ လာလုနေသောကြောင့် နေရာထပ်ရွှေ့နေရ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ အမြဲတမ်းစစ်ရှောင် ၁၀၀၀ခန့်တို့မှာ စစ်ကောင်စီတပ်၏ အကြမ်းဖက် လုယက်မှုများကြောင့် နောက်ထပ်တစ်နေရာသို့ ထပ်မံရွှေ့ပြောင်းနေကြကြောင်း သိရသည်။ မကွေးတိုင်း၊ ပေါက်မြို့ အနီးရှိအုန်းတော တောင်စုနှင့် အုန်းတော မြောက်စု ကျေးရွာတို့မှာ အာဏာသိမ်းပြီးနောက် ၆လခန့်အကြာတွင် ပေါက်မြို့နှင့်...

Read more
by MPA CJ011
0 Comments
သတင်း

ပေါက်တွင် အမြဲတမ်းစစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ခက်ခဲနေ

May 20, 2024
ပေါက်တွင် အမြဲတမ်းစစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ခက်ခဲနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း အမြဲတမ်းစစ်ရှောင် ၁၀,၀၀၀ ကျော်ရှိပြီး စားနပ်ရိက္ခာ ခက်ခဲနေကြောင်း သိရသည်။ ပေါက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပေါက် ပအဖ) အနေဖြင့် ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၅ ရွာက အမြဲတမ်း စစ်ရှောင် ၁၁,၀၀၀ကျော်ကို နေစရာနှင့်...

Read more
by MPA CJ011
0 Comments
စစ်ရေး

ရိက္ခာပို့ရန်ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခံရသဖြင့် ၇ ဦးသေဆုံးဟုဆို

Apr 8, 2024
စစ်မှုထမ်းထောက်ပံ့ရန်ဟုဆိုကာ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ငွေကျပ်သိန်းဂဏန်းအထိတောင်းခံနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာကျေးရွာရဲကင်းစခန်းမှ ကုက္ကိုစုပျူရွာသို့ ရိက္ခာပို့ရန်ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ဧပြီ ၆ ရက်၊ နံနက်အစောပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ၇ ဦးသေဆုံးခဲ့ကြောင်း မြိုင် ပ.က.ဖ က ဧပြီ ၇ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။...

Read more
by MPA CJ025
0 Comments
သတင်း

ပေါက်တွင် ကြက်သွန်သိမ်းနေသော ကလေးများ စစ်တပ်ကြဲသည့် ဒရုန်းဗုံး မှန်

Apr 6, 2024
ပေါက်တွင် ကြက်သွန်သိမ်းနေသော ကလေးများ စစ်တပ်ကြဲသည့် ဒရုန်းဗုံး မှန်

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ ဒရုန်းဗုံးထိကာ ကြက်သွန်သိမ်းနေသည့် ကလေး ၇ဦးအပါအဝင် စုစုပေါင်း ၉လုံး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ယနေ့(ဧပြီ၆ရက်)နံနက်၉နာရီခန့်တွင် ပေါက်မြို့နယ်၊ဒေါင်းသာရွာတွင် ဒေသခံတို့ ကြက်သွန်သိမ်း နေစဉ် စစ်တပ်က ဒရုန်းဖြင့် ဗုံးကြဲသဖြင့် ဒဏ်ရာရခဲ့ကြခြင်းဖြစ်ကြောင်း...

Read more
by MPA CJ011
0 Comments
စစ်ရေး

ပေါက်တွင် စစ်ယာဉ်တန်း အကြိမ်ကြိမ် ဖြတ်တိုက်ခံရပြီး ၂၀ ကျော် သေဆုံးဟုဆို

Apr 6, 2024
ပေါက်တွင် စစ်ယာဉ်တန်း အကြိမ်ကြိမ် ဖြတ်တိုက်ခံရပြီး ၂၀ ကျော် သေဆုံးဟုဆို

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ရေပြာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီ ယာဉ်တန်းကို အကြိမ်ကြိမ် ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၂ ဦး သေဆုံးခဲ့ကြောင်း မြိုင်ပကဖက သတင်း ထုတ်ပြန်သည်။ ဧပြီ ၅ ရက်၊ ညနေ...

Read more
by MPA CJ023
0 Comments
စစ်ရေး

ပေါက် ပျူစောထီးရွာသို့ လေကြောင်းမှ စစ်သားအင်အား ဖြည့်စဉ် လေထီးမပွင့်သဖြင့် ၂ ဦး ဒဏ်ရာရ

Feb 11, 2024
ပေါက် ပျူစောထီးရွာသို့ လေကြောင်းမှ စစ်သားအင်အား ဖြည့်စဉ် လေထီးမပွင့်သဖြင့် ၂ ဦး ဒဏ်ရာရ

မကွေးတိုင်း၊ ပေါက်မြို့နယ် တောင်ပိုင်း၊ ဒီးဒုတ်ကွင်း ပျူစောထီးရွာထဲသို့ လေကြောင်းမှနေ၍ စစ်သားအင်အားဖြည့်တင်းစဉ် လေထီးမပွင့်သဖြင့် ၂ ဦး ဒဏ်ရာရခဲ့ကြောင်းသိရသည်။ ဖေဖေါ်ဝါရီ ၉ ရက်က ဒီးဒုတ်ကွင်းရွာသို့ လေယာဉ်ဖြင့် ရိက္ခာနှင့် စစ်သား ၂၀ ခန့်...

Read more
by MPA CJ011
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In