စစ်ကိုင်းတိုင်း၊ကနီမြို့ပေါ်တွင် ကင်းစောင့်ရန်လာသော စစ်သား များကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ၂ ဦးသေဆုံးကြောင်း ကျောက်လုံးကြီး KLG တပ်မဟာ က သတင်းထုတ်ပြန်ထားသည်။
မတ်လ ၃၀ ရက် နေ့လည် ၁၁ နာရီခွဲခန့်က ကနီမြို့ပေါ်၊ ကြို့ပင်သာရပ်ကွက် ၃ တွင် ကင်းစောင့်ရန် ထွက်လာသော စစ်သားနှင့်ရဲ ၃၀ခန့်ကို PDF များက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
“မနေ့က ကနီအနောက်ဘက်ခြမ်းမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သား ၅ ဦးနဲ့ ကျနော်တို့ ကင်းပွိုင့်နဲ့ တိုးတာ ကျနော်တို့က အရင်စပစ်တာ။အဲ့မှာ သူတို့ဘက်က လဲကျသွားတာကို မျက်မြင်တွေ့ရတယ်။မကြာဘူး၊ သူတို့ဘက်က ရဲ ၊ပျူ၊ စစ်သား စစ်ကူ ၃၀ လောက်ရောက်လာတယ်။လက်နက်ကြီးတွေနဲ့လည်းမြို့ပေါ်ကနေ ပစ်ကူပေးတယ်”ဟု DRPA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကပြောသည်။
သေဆုံး စစ်သား ၂ ဦးနှင့် ဒဏ်ရာရ စစ်သား ၂ ဦးနှင့်ရဲ ၁ ဦးကို ကနီမြို့ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ကျောက်လုံးကြီး KLG တပ်မဟာကထုတ်ပြန်ထားသည်။
စစ်သားနှင့်ရဲများထိခိုက်သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
အဆိုပါ တိုက်ခိုက်ခိုက်မှုကို ကျောက်လုံးကြီး KLG တပ်မဟာနှင့် Anti-Dictatorship Revolution People’s Army-DRPA တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။