ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် Force for Federal Democracy (FFD)တို့ ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ ညောင်ကုန်းရဲစခန်းကို ပြီးခဲ့သော မတ်လ(၂၂)ရက်နေ့၊ မနက်အစောပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။
အဆိုပါတိုက်ပွဲတွင် ရန်သူ(၁၀)ဦးခန့် ကျဆုံးခဲ့ပြီး မဟာမိတ်ပူးပေါင်းအဖွဲ့ဘက်က (၃)ဦးကျဆုံးကာ ထိခိုက်ဒဏ်ရာရသူတချို့ရှိခဲ့ပါသည်။ ရဲစခန်းကို သိမ်းပိုက်ရရှိလုနီးဖြစ်ခဲ့သော်လည်း မိမိတို့ဘက်က ဒဏ်ရာရရဲဘော်များ ရှိလာသောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်ကြောင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ထံက သိရှိရသည်။