ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အတွင်း အထိုင်ချတပ်စွဲရန် စခန်းဆောက်နေသည့် စစ်ကောင်စီတပ်ကို PDF ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်း Phoenix DF ကထုတ်ပြန်ထားသည်။
နတ်တလင်း အရှေ့ဘက် ကြက်မနက်ကျေးရွာတွင် အင်အား ၄၀ ခန့်ဖြင့် အထိုင်ချတပ်စွဲရန် စစ်ကောင်စီတပ်ကပြင်ဆင်နေသည့် မတ်လ ၁၉ ရက် ညနေ ၆ နာရီဝန်းကျင်၌ ပေါင်းတည် နှင့် နတ်တလင်း PDFများက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၁၅ မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့သည်။
“ ကြက်မနက်ရွာမှာ လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတည်းက ရောက်နေတာ။ အနီးအနားက ရွာသားတွေကို စခန်းဆောက်ဖို့ သစ်၊ဝါးခုတ်ခိုင်းတယ်။ ကတုတ်ကျင်းအတွက် မြေတူးခိုင်းတယ်။ ဘန်ကာလည်းဆောက်နေတယ်။ ကျနော်တို့က ပေါင်းတည်အဖွဲ့နဲ့ သေချာညှိနှိုင်းပြီး အဲ့ဒီစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ” ဟု Phoenix DF ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်တပ်ရင်း ၃၈၀၁ တပ်ခွဲ(၂) Phoenix D F (Nattalin-P-D-F) နှင့် ပြည်ခရိုင် တပ်ရင်း -၃၆၀၁ (PPDF)တပ်ခွဲ(၂)နှင့် တပ်ခွဲ(၃) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သားများ၏ ထိခိုက်သေဆုံးမှုကို MPAအနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။