စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ် ပြောက်ကျားရဲဘော်၂ဦး မိုင်းထောင်နေစဉ် မတော်တဆ ပေါက်ကွဲ မှုဖြစ်ပြီး ကျဆုံးသွားကြောင်း သိရသည်။
မတ်လ၂ရက်နေ့၊ ည ၈ နာရီခွဲခန့်က ကင်းပတ်နေသည့် ရဲကားကို မိုင်းဖောက်ခွဲရန် အင်းတော်မြို့၊ လမ်းဆုံမီးပွိုင့်တွင်မိုင်း ပြင်ဆင်နေသည့် အသက်၂၀ ကျော်အရွယ် ပြောက်ကျားရဲဘော် ၂ ဦး မိုင်းမတော်တဆဖြစ်ကာ ကျဆုံးခဲ့ခြင်းဖြစ် ကြောင်း Indaw Revolution ကထုတ်ပြန်သည်။
“ညက အသံတော်တော်ကျယ်တယ်၊ ပေါက်ကွဲတာ။ညမထွက်ရအမိန့်လည်းရှိတော့ လမ်းတွေပေါ် ဘယ်ပြည်သူမှမရှိဘူးလေ။အဲဒါနဲ့ ခွေးတွေတော့ မိုင်းထိပြီဆိုပြီး လူတွေက စိတ်ချလက်ချ ပျော်နေ တာ၊မနက်ကျမှပဲ ဈေးထဲမှာ ပြောလို့သိတာ။PDFတွေ မိုင်းထောင်နေရင်း မိုင်းကွဲတယ်ဆိုတာကို”ဟု အင်းတော်မြို့၊ဆင်ခြေဖုံးရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။
မိုင်းပေါက်ကွဲအား ပြင်းထန်သောကြောင့် မိုင်းထိပြောက်ကျားရဲဘော်၂ဦးစလုံးမှာ ပြင်းထန်ဒဏ်ရာ များရရှိကာ ကျဆုံးသွားသည်ဟု သိရကြောင်း ၎င်းကပြောသည်။
ကျဆုံးရဲဘော်၂ဦး၏ ပင်မ PDF အဖွဲ့အမည်ကိုမူ Indaw Revolution က မထုတ်ပြန်ထားပေ။
အင်းတော်မြို့သည် စစ်အုပ်ချုပ်ရေးထုတ်ပြန်ခံထားရသည့်မြို့ဖြစ်ပြီး ည၆နာရီမှ မနက်၆နာရီအတွင်း ပြည်သူများ အပြင်မထွက်ရကြောင်း သိရသည်။