• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
29 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်တပ် ပုလဲ၊ ပျူရွာသို့ ရောက်စဉ် တာဝေးပစ်ရော့ကက် ဖြင့် ပစ်ခတ်ခံရ

MPA by MPA
Feb 16, 2023
in PDF, သတင်း
0
0
စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်တပ် ပုလဲ၊ ပျူရွာသို့ ရောက်စဉ် တာဝေးပစ်ရော့ကက် ဖြင့် ပစ်ခတ်ခံရ

ဓာတ်ပုံ- ပုံဟောင်း ( pale joker PDF )

Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးပြီး ပြန်လာသည့် စစ်တပ် ပျူစောထီးရွာသို့ ရောက်ရှိစဉ် တာဝေးပစ်ရော့ကက်ဖြင့် ပစ်ခတ်ခဲ့ရာ ပစ်မှတ်ထိမှန်ခဲ့ကြောင်း ယင်းမာပင်ခရိုင်တပ်ရင်း-၁၉ (Pale Jokers PDF) က ယနေ့ ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၅ ရက် ည ၇ နာရီခန့်တွင် အင်ကြင်းစုရွာမှ ထွက်လာသော အင်အား ၇၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်းမထီးရွာစာသင်ကျောင်းသို့ ရောက်ရှိနေကြောင်း သတင်းသိရှိရ၍ တာဝေးပစ် Rocket ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အင်ကြင်းစုရွာမှာ နေအိမ်တွေကို လုယက်ဖျက်ဆီးနေတဲ့ စစ်ကြောင်းက ပျူတွေနဲ့ပေါင်းပြီး အင်းမထီးရွာကို ရောက်ရှိနေတယ်လို့ သတင်းရတာနဲ့ တာဝေးပစ် ၄ လုံးနဲ့ ပစ်တာ ပစ်မှတ်ကို တည့်တည့်ကြတယ်။ စာသင်ကျောင်းမှာ ပျူတွေလည်းနေတယ်။ သူတို့က အဲ့ဒီမှာ စခန်းဝင်ချတာ။ ဒီကောင်တွေက နာရီဝက်လောက် ၄၀ မမ နဲ့ ၆၀ မမ တွေနဲ့ အဆက်မပြတ် ပြန်ပစ်နေတာ။ ကျနော်တို့လည်း ပစ်မှတ်ထိတာနဲ့ ပြန်ဆုတ်လာခဲ့တယ်”ဟု Pale Jokers PDF ခေါင်းဆောင် ဗိုလ်ပုလဲက ပြောသည်။

စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် အင်ကြင်းစုကျေးရွာမှ နေအိမ်များကို ဖောက်ထွင်း လုယက်ဖျက်ဆီးပြီး လှည်း အစီး ၂၀ ဝန်းကျင်ဖြင့် အင်းမထီးရွာ စာသင်ကျောင်းသို့ ပစ္စည်းများသယ်ဆောင်ခဲ့ကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ နံနက်က ပုလဲမြို့နယ်အတွင်း စစ်ကြောင်းထိုးခဲ့ရာ ရွာသာ၊ လိန်ကုန်း၊ရွာထင်၊ ကြိုးကြားဥ၊ ကံကြီး၊ ဖိုကုန်း၊ ညောင်ကုန်း၊ မွေ့တုံ၊ ကံပေါက်၊ လှော်ကား၊ နွယ်ရှောက်၊ ကုက္ကိုကုန်း၊ လက်ပုကန်နှင့် အင်ကြင်းစုရွာတို့က ပြည်သူတစ်သောင်းကျော် စစ်ဘေးရှောင်ခဲ့ရကြောင်း Pale Entertainment ကဖော်ပြသည်။

အဆိုပါ စစ်ကြောင်းသည် ဖေဖေါ်ဝါရီ ၁၅ ရက်နေ့ ညနေပိုင်း၌ အင်မထီးရွာ ပျူစောထီးစခန်းသို့ ပြန်လည် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Tags: MPAMyanmarNewsPalePDFRocketSACSagaingRegion
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

PDF

တောင်ငူလေတပ်‌စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့်တိုက်ခိုက်ခံရ၊ စစ်သား ၃ဦးသေ၊ ရဟတ်ယာဉ် တစ်စီးပျက်စီးဟုဆို

Mar 29, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

တောင်ငူ လေတပ်‌စခန်းဌာနချုပ် ရှော့တိုက်ဒုန်းဖြင့် တိုက်ခိုက်ခံရပြီး စစ်သား ၃ ဦး သေကာ ရဟတ်ယာဉ် တစ်စီးပျက်စီးသွားကြောင်း Bago Region PDF ကထုတ်ပြန်သည်။ မတ်လ ၂၇ရက်နေ့က KNLA နှင့် PDFတပ်ဖွဲ့တို့ပူးပေါင်းကာ Rain...

Read more
by MPA
0 Comments
PDF

စုဖွဲ့၊ လေ့ကျင့်၊ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ မကွေးတိုင်းတွင်ကျင်းပ

Mar 29, 2023
စုဖွဲ့၊ လေ့ကျင့်၊ စစ်သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ မကွေးတိုင်းတွင်ကျင်းပ

အပတ်စဉ် ၄ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲကို မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပခဲ့သည်။ အပတ်စဉ် ၄ သင်တန်းဆင်းပွဲကို မတ်လ ၂၇ရက်နေ့က မကွေးတိုင်းတစ်နေရာတွင် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ ယင်းသင်တန်းဆင်းပွဲသို့...

Read more
by MPA
0 Comments
PDF

မြင်းမူ လမ်းဘေးစျေးဆိုင်တန်းတွင် စခန်းချထားသော စစ်တပ် လက်နက်ကြီးဖြင့်တိုက်ခိုက်ခံရ

Mar 29, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဘိုးမင်းကြီးကင်းရွာထိပ်တွင် စခန်းချထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း People’s Knight Defense Force-MMUက ထုတ်ပြန်သည်။ မတ်လ ၂၈ ရက် ၊မွန်းလွဲ ၂ နာရီ၄၄မိနစ်ခန့်တွင် ဘိုးမင်းကြီးကင်းရွာထိပ်...

Read more
by MPA
0 Comments
PDF

NUG အစိုးရ ဦးဆောင်မှုဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့

Mar 28, 2023
NUG အစိုးရ ဦးဆောင်မှုဖြင့် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ၏ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ အတွင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယင်းစာမေးပွဲကို NUG ၏ ပညာရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၅ ရက်နေ့မှ ၂၀...

Read more
by MPA
0 Comments
PDF

တာမွေတွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့်အထုခံရပြီးနောက် တင်းကျပ်စွာ ရှာဖွေစစ်ဆေး

Mar 28, 2023
တာမွေတွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့်အထုခံရပြီးနောက် တင်းကျပ်စွာ ရှာဖွေစစ်ဆေး

ရန်ကုန်မြို့၊ တာမွေမြို့နယ်တွင် ယာဉ်ထိန်းရဲများ ဗုံးဖြင့် အထုခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးတင်းကျပ်ကာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယနေ့ နံနက် ၁၀နာရီခန့်က တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံ...

Read more
by MPA
0 Comments
PDF

ရွာထဲပိတ်မိနေ‌သောစစ်တပ် PDF လစ်ပြီအထင်ဖြင့် ပြန်အထွက် မိုင်းဆွဲခံရကာ ၁ ဦးသေဆုံး ဟုဆို

Mar 28, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ် တာဝိုင်တိုင်ကျေးရွာ၌ ပိတ်မိနေသော စစ်တပ် PDF များလစ်ပြီအထင်ဖြင့် ဝိုင်းရဲစခန်းသို့ ပြန်အဆင်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်သား ၁ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့နံနက် ၇ နာရီ ၄၄...

Read more
by MPA
0 Comments
PDF

သံလွင်အရှေ့ခြမ်းရှိ ဘီပီ ၁၁စစ်တပ်ခြေကုပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

Mar 28, 2023
သံလွင်အရှေ့ခြမ်းရှိ ဘီပီ ၁၁စစ်တပ်ခြေကုပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်

ကရင်နီပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ် ဘီပီ ၁၁ခြေကုပ်စခန်းကို ကရင်နီတပ်မတော် (KA) နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၂၄ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ ဘီပီ ၁၁ခြေကုပ်စခန်းကို KA အမှတ်(၅)တပ်ရင်းနှင့် တပ်ပေါင်းစု...

Read more
by MPA
0 Comments
PDF

ကော့ကရိတ် ရွာများဆီ လက်နက်ကြီးဖြင့် စစ်တပ် ပစ်နေ၍ ဒေသခံထောင်ချီထွက်ပြေးနေရ

Mar 28, 2023
ကော့ကရိတ် ရွာများဆီ လက်နက်ကြီးဖြင့် စစ်တပ် ပစ်နေ၍ ဒေသခံထောင်ချီထွက်ပြေးနေရ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်ရှိရွာများသို့ စစ်တပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေသဖြင့် ဒေသခံထောင်ချီထွက်ပြေးနေရကြောင်းသိရသည်။ ကော့ကရိတ်မြို့နယ်အတွင်း ယနေ့မတ်လ ၂၈ရက်နေ့၊ နံနက်ပိုင်းကစတင်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ငြိမ်သက်လျက် ရှိသော်လည်း စစ်ကောင်စီဘက်က ဒေသခံများနေထိုင်သည့် ကျေးရွာများသို့ လက်နက် ကြီး ပစ်ခတ်မှုများရှိနေကြောင်း ကျားဖြူစစ်ကြောင်း တပ်ရင်းရုံး...

Read more
by MPA
0 Comments
PDF

ကဝ တွင် ညကင်းလှည့်ပြီး ဘီယာဆိုင်ထိုင်နားနေသော ရဲများ တိုက်ခိုက်ခံရ
နယ်ထိန်းတစ်ဦးသေ၊စခန်းမှူးအပါအဝင်၄ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရဟုဆို

Mar 28, 2023
ကဝ တွင် ညကင်းလှည့်ပြီး ဘီယာဆိုင်ထိုင်နားနေသော ရဲများ တိုက်ခိုက်ခံရနယ်ထိန်းတစ်ဦးသေ၊စခန်းမှူးအပါအဝင်၄ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရဟုဆို

ပဲခူးတိုင်း၊ကဝမြို့နယ်အတွင်း ညကင်းလှည့်ပြီးဘီယာဆိုင်၌ နားနေသော ရဲတပ်ဖွဲ့ဝင်များကို အလစ်ငိုက်တိုက်ခိုက်ခဲ့ရာ နယ်ထိန်း၁ ဦးသေဆုံးပြီး စခန်းမှူးအပါအဝင် ၄ ဦးထက် မနည်း ပြင်းထန်ဒဏ်ရာရ ခဲ့ကြောင်းသိရသည်။ မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ၄၅...

Read more
by MPA
0 Comments
သတင်း

မန္တလေးမြို့လယ်ရွှေဆိုင်ရှေ့ သေနတ်ပစ်ဖောက်ကာ ငွေသိန်း၁၂၀၀လုယက်၊ ကျူးလွန်သူများမှာ ရဲများဟု သတင်းထွက်ပေါ်

Mar 28, 2023
ခင်ဦးတွင် လမ်းသွားလမ်းလာပြည်သူများကို စစ်ကောင်စီတပ် သေနတ်ဖြင့် ပစ်ခတ်

မန္တလေးမြို့၊စိန်ကျော်မိုးရွှေဆိုင်ရှေ့ သေနတ်ပစ်ဖောက်ကာ ကျပ်သိန်း၁၂၀၀ လုယက်သွားမှုူ ယမန်နေ့ညနေ ကဖြစ်ပွားခဲ့သည်။ မန္တလေးမြို့,ချမ်းအေးသာစံမြို့နယ်၊ ၈၅(A) ၃၁ / ၃၂ လမ်းကြားရှိ စိန်ကျော်မိုး ရွှေဆိုင် ရှေ့တွင် မတ်လ ၂၇ရက်နေ့၊ညနေ ၅ နာရီ ၁၅...

Read more
by MPA
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (2674) Myanmar (2408) News (1929) military (289) PDF (284) Politics (274) Yangon (227) SAC (221) SagaingRegion (158) RakhineState (123) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (82)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In