မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို ဒေသတွင်း မဟာမိတ်များ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူ PDF က ထုတ်ပြန်သည်။
ပခုက္ကူ-မြိုင်ကားလမ်းမပေါ်က စစ်သား ၂၅ ဦး ဝန်းကျင်ရှိ အင်ပင်ကျေးရွာက စစ်တပ်ဂိတ်ကို ဖေဖော်ဝါရီ ၃ရက်နေ့ ညနေ ၃နာရီဝန်းကျင်က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သား၃ဦးပြင်းခန် ဒဏ်ရာရရှိခဲ့ ကြောင်း ပခုက္ကူPDF (PPDF)တာဝန်ရှိသူ ကိုအတီးက ဆိုသည်။
“ ကျနော်တို့ တိုက်ခိုက်ချိန်ကတော့ ဆယ်မိနစ်လောက် ပဲ ကြာပါတယ်၊ RPG 7၊ လက်လုပ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာပါ၊ ဘန်ကာပျက်စီးသွားတယ်” ဟု ၎င်းကဆိုသည်။
အင်ပင်ကျေးရွာ စစ်ဆေးရေးဂိတ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ခရီးသွား ပြည်သူတစ်ဦးကို မီးရှို့သတ်ဖြတ်ထားပြီး အလောင်းကို အင်ပင်ကျေးရွာအနီးတွင် ထားထားသည်ဟု မြေပြင်သတင်းအရသိရှိရကြောင်း ကိုအတီးက ဆိုသည်။
မီးရှို့သတ်ခံထားရသည့် ခရီးသွားပြည်သူ၏ ကိုယ်ရေးအကျဉ်းကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်သေးပေ။
အင်ပင်ကျေးရွာတပ်စခန်းကို PPDF ၊Yong Force U.G၊King Cobra၊King Fighterနှင့် မန္တလေးခရိုင် အမှတ်(၄)တပ်ရင်း SAF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ထားသည်။