စစ်ကိုင်းမြို့နှင့် မတ္တရာမြို့ကြား မင်းကွန်းတိုက်နယ်ဒေသရှိ နဂါးနီပြောက်ကျားတပ်ဖွဲ့စခန်း ဝင်ရောက်စီးနင်းခံခဲ့ရပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၇ရက်နေ့၊နံနက် ၉နာရီဝန်းကျင်ကစစ်ကောင်စီတပ်အင်အား ၅၀ ဝန်းကျင်ဖြင့် စခန်းကိုဝင်ရောက်စီးနင်းခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုထံကသိရသည်။
“ သူတို့စခန်းကိုဝင်ပြီးပစ်တဲ့အချိန် ထိသွားတာပါ၊စခန်းနေရာကို သတင်းရပြီးဝင်စီးခံရတာ၊ စခန်းတစ်ခုလုံး သေနတ်တွေကော၊အဝတ်စားနဲ့ရိက္ခာတွေပါမီးရှို့ခံရတယ်” လို့ကောင်းကင်တော်လှန်ရေးအင်အားစုမှတာဝန်ရှိသူတစ်ဦးကဆိုသည်။
ကျဆုံးသွားသည့်ရဲဘော်မှာ အသက် ၁၇ နှစ်အရွယ် ရဲဘော်ရဲဇင်ထွန်း(၁၇နှစ်)ဖြစ်ကြောင်းသိရသည်။
စခန်းကိုဝင်စီးပြီးနောက် စစ်ကောင်စီတပ်သားများက ထုံးဘိုကျေးရွာကိုမီးရှိ့ခဲ့ရာ နေအိမ် အလုံး၂၀ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်စဥ်ရွာထဲတွင် မီးရှို့ခံထားရသည့် အသက် ၄၀အရွယ်အမျိုးသားတစ်ဦးကိုတွေ့ရှိခဲ့ကြောင်း ကောင်းကင်တော်လှန်ရေးအင်အားစုကဆိုသည်။