By MPA 012
မုံရွာမြို့ တောင်ဘက်ခြမ်းရှိ ကျေးရွာသုံးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ခိုးဆိုးလုယက် မီးရှို့ဖျက်ဆီးခဲ့ရာ ကျပ်သိန်းတစ်သောင်းကျော်ဆုံးရှုံးခဲ့ကြောင်းသိရသည်။
မုံရွာမြို့နယ် တောင်ဘက်ခြမ်းကို အကြမ်းဖက်စစ်ကတပ်နှင့် ပျူစောထီးတို့က နိုဝင်ဘာ ၃ ရက်မှ ၉ ရက်အထိ စစ်ကြောင်းထိုးကာ နဂါးတွင်းကျေးရွာ၊ ဂျိုးစုကျေးရွာနှင့် ထန်းလေးပင်ကျေးရွာတို့မှ ပြည်သူပိုင်ပစ္စည်းများကို လုယက်ပြီးနောက် မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ သုံးဦးနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ခြောက်ဦးတို့ကို ခေါင်းဖြတ်သတ်ခဲ့ကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံက သိရသည်။
ပျက်စီးဆုံးရှုံးမှုတန်ဖိုးကျပ်သိန်းတစ်သောင်းကျော်မှာ မီးရှို့ခံရသည့်အိမ်များအပါအဝင် အကြမ်းဖက်စစ်တပ်လုယက်သွားခဲ့သည့် ပစ္စည်းတန်ဖိုး ၂ ခုပေါင်းဖြစ်ကြောင်း သိရသည်။
“ မီးရှို့ခံလိုက်ရတဲ့ကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေကတော့ လက်ရှိမှာ ကိုယ့်အိမ်မှာကိုယ်ပြန်ပြီး နေနေကြတယ်။ နေအိမ်တွေ မီးထဲပါသွားတဲ့သူတွေကတော့ ကိုယ့်ရဲ့ ယာခင်းထဲမှာပဲ ယာယီတဲလေးတွေထိုးပြီးနေတဲ့သူကနေတယ်။ တချို့က မီးရှို့ခံရတဲ့အိမ်ဝန်းတွေထဲမှာ တဲသေးသေးလေးတွေ ပြန်ဆောက်နေကြပါတယ်” ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက MPA သို့ ပြောသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က ယခင်က မီးရှို့ဖျက်းဆီးခဲ့မှုကြောင့် ယာခင်းများတွင် ယာယီတဲထိုးကာ နေထိုင်ကြသည့် ဒေသခံပြည်သူတို့၏ တဲအချို့ကိုလည်း ထပ်မံ၍ မီးရှို့ဖျက်ဆီးသွားကြောင်းလည်း စုံးစမ်းသိရသည်။
“ မုံရွာ နဂါးတွင်းရွာမှာ ပထမအကြိမ်တုန်းက နေအိမ် မီးလောင်တဲ့အထဲပါသွားလို့ ယာတောထဲမှာတဲသေးသေးလေးပြန်ဆောက်နေတဲ့ အိမ်ထောင်စုနှစ်စုရှိတယ်။ အခုတစ်ခါမီးထပ်ရှို့တော့ အဲ့ဒီတဲလေးတွေပါ မီးထဲထပ်ပါသွားတယ်။ နှစ်ခါပြန်ရှို့ခံရတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။
နဂါးတွင်းရွာကအိမ် ၁၆ လုံး၊ဂျိုးစုရွာက အိမ်ကုန်စုံဆိုင်တစ်ဆိုင်နှင့်အိမ်၂ လုံး၊ ထန်းလေးပင်ရွာက အိမ် ၁၁ လုံးနှင့် ယာတဲအလုံး ၂၀ မီးရှို့ခံခဲ့ရကြောင်းသိရသည်။
ထန်းလေးပင်ရွာတွင် လယ်ယာသုံးစက်ပစ္စည်း ကျပ်သိန်း ၃၀၀၀ ကျော် ဖျက်ဆီးခံခဲ့ရသလို ပြည်သူ ၃ ဦး အသတ်ခံရသည်မှာလည်း ထန်းလေးပင်ရွာမှာပင်ဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ရွာထဲကနေ သူတို့လိုချင်တာတွေ ပျူစောထီးတွေက ထော်လာဂျီ၂စီးနဲ့ လာတိုက်သွားတာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ယင်းရွာများမှ စစ်ဒဏ်သင့်ပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးထံက သိရသည်။
ကျွန်းစုတိုက်ပွဲတွင် စစ်တပ် အထိနာပြီးနောက် စစ်ကူရောက်လာကာ စစ်ကြောင်းထိုးရန် တာစူနေ
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီတပ် အထိနာပြီးနောက် စစ်ကူ ရောက်ရှိလာကာ စစ်ကြောင်းထိုးရန် တာစူနေကြောင်း သိရသည်။ မတ်လ ၂၇ရက်က ကျွန်းစုမြို့နယ်အတွင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း-၂နှင့် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ပျူစောထီးခေါင်းဆောင်တစ်ဦး အပါအဝင် ပျူစောထီး ၄ဦး...