By Haythar/ MPA
ကဗျာဆရာ၊ စာရေးဆရာ ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် လည်ချောင်းကင်ဆာကြောင့် ဆေးကုသ ရင်း သေဆုံးမှုကို အစည်းအဝေးတွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ရာ ရရှိခဲ့သည့် ဒဏ်ရာ များအား ကုသရင်းသေဆုံးဟု စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက် ရှိသည်။
Shwe Myanmar တယ်လီဂရမ်ချန်နယ်က မေ ၆ ရက်ညပိုင်းတွင် ဦးဦးလှစော၏ဓာတ်ပုံကိုအသုံးပြု၍ “ ဦးလှစောသည်လည်ချောင်းကင်ဆာရောဂါဖြင့်သေဆုံးခြင်းမဟုတ်၊ ကျောက်တော်ရှိ AA အ ကြီးအကဲများ အစည်းအဝေးလုပ်နေစဥ် စစ်တပ်မှ သတင်းအတိရရှိပြီး လေကြောင်းတိုက်ခိုက်ရာ ဦးလှစော သည် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး အိန္ဒိ ယနိုင်ငံ မီဇိုရမ်တွင် ဆေးကုသမှု ခံယူရင်းနဲ့ သေဆုံးသွားခြင်း ဖြစ်သည်” ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို မေ ၈ ရက် မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၂၀,၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ် ချန်နယ်များက ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
Shwe Myanmar – https://archive.ph/eIjis
Ko Thet – https://archive.ph/zoCdJ
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
Google တွင် “ဦးဦးလှစောကွယ်လွန်” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ “ BBC, RFA,People’s Spring သတင်းမီဒီယာများက ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “မြောက်ဦးမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ကဗျာဆရာ၊ စာရေးဆရာ မောင်ခိုင်အောင် စစ်တွေခေါ် ဦးဦးလှစောသည် လည်ချောင်းကင်ဆာရောဂါကို ၂၀၂၃ ခုနှစ်ကစတင်ခံစားခဲ့ ရကြောင်း၊ ကာလရှည်ခံစားနေရသော လည်ချောင်းကင်ဆာရောဂါကို ဆေးကုသမှုခံယူနေစဉ် အာရက္ခ တပ်တော်(AA)ထိန်းချုပ်မြို့နယ်တစ်ခု၌ ၂၀၂၅ ခုမေ ၅ ရက်တွင် ကွယ်လွန်သွားခြင်းဖြစ်ကြောင်း” ရေးသား ဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/Oz0cG
RFA – https://shorturl.at/ep9Dt
People’s Spring – https://shorturl.at/lqR2Y
သုံးသပ်ချက်
ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဦးလှစောသည် လည်ချောင်းကင်ဆာရောဂါကို ဆေးကုသမှုခံယူရင်း ၂၀၂၅ ခုနှစ် မေ ၅ ရက်တွင် သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော ကျောက်တော်အစည်းဝေးတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် ဦးဦးလှစော သေဆုံးဟု ဖြန့်ဝေထားခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။