By Haythar/ MPA
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် စစ်ကောင်စီတပ်ကင လေကြောင်းဗုံးကြဲမှု၊ ဒရုန်းနှင့်ဗုံးချမှုတို့ကြောင့် မြို့တွင်း ရှိနေအိမ်များ မီးလောင်မှုကို KIA /PDF တို့၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ဟု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
“မြစ်ဆုံသတင်းဌာန” ဆိုသည့် သတင်းမီဒီယာအမည်ခံ တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၉ ရက် ညနေပိုင်းတွင် “KIA /PDF များလက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ဟု” ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို အခြားစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြထားသဖြင့် ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
မြစ်ဆုံသတင်းဌာန – https://archive.ph/04Myf
Ko Thet – https://archive.ph/sVUMC
Min Din – https://archive.ph/y97nG
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ ရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “ဗန်းမော်မြို့တိုက်ပွဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ “ BBC, Kachin News Group , Ayeyarwaddy Times” သတင်းမီဒီယာတို့တွင် သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ဗန်းမော်မြို့က စစ်ကောင်စီတပ် လက်ကျန်စခန်းများနှင့် တပ်စွဲထားရာနေရာများကို ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ ပူးပေါင်းတပ်များ ထိုးစစ်ဆင်နေမှုကြောင့် တိုက်ပွဲပြင်းထန်နေ ကြောင်း၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် တိုက်ပွဲနှင့်နီးစပ်သည့် ကချင်စု၊ မင်းကျောင်းကုန်းရပ်ကွက်များကို လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်များမီးလောင်ပျက်စီးနေကြောင်း၊ စစ်ကောင်စီတပ်က ဗန်းမော်ကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီဒရုန်းလက်နက်ကြီးများနှင့် ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/IkVHF
Kachin News Group – https://shorturl.at/2uAVy
Ayeyarwaddy Times – https://shorturl.at/7fXVN
သုံးသပ်ချက်
KIA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန်နေပြီး ၊စစ်ကောင်စီတပ်က ဗန်းမော်ကို လက်မလွတ်ရေးအတွက် လေကြောင်း၊ ခေတ်မှီဒရုန်းလက်နက်ကြီးများနှင့် ပြင်းပြင်းထန်ထန်ခုခံ တိုက်ခိုက်နေသည်။
ဗန်းမော်မြေပြင်သတင်းများကိုဖော်ပြနေသည့် Banmaw Scout Team ကလည်း စစ်ကောင်စီတပ်က လေကြောင်း၊ ဒရုန်းတိုက်ခိုက်မှုများ ၊ လက်နက်ကြီးပစ်ခတ်မှုများ ပြင်းထန်စွာလုပ်ဆောင်နေမှုကြောင့် ကချင်စုရပ်ကွက်၊ မင်းကျောင်းကုန်းရပ်ကွက်တို့တွင်နေအိမ်များပျက်စီးမီးလောင်နေသည်ဟု ရေးသား ဖော်ပြထားသည်။ ကြည့်ရှုရန်လင့်ခ် – https://shorturl.at/FnVkc
ထို့အတူ စစ်ကောင်စီတပ်တယ်လီဂရမ်ချန်နယ်များတွင်လည်း ဗန်းမော်မြို့လူနေရပ်ကွက်ရှိ “ KIA /PDF များကို ဒရုန်းများနှင့်တိုက်ခိုက်နေကြောင်း ဗီဒီယိုဖိုင်နှင့်တကွ ဖော်ပြထားကြသည်။ ကြည့်ရှုရန်လင့်ခ် – https://shorturl.at/ApQ1z
မီးလောင်မှု ဖြစ်စဉ်များကို ရှာဖွေကြည့်ရှုနိုင်သော Nasa ၏ FIRMS တွင် ဗန်းမော်မြို့၏ တည်နေရာ ပြညွှန်းကိန်း(24°15′N 97°14′E)နှင့် မီးလောင်မှုရှိ/မရှိ စစ်ဆေးကြည့်ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော KIA နှင့် PDF များလက်နက် ကြီးပစ်ခတ်မှုကြောင့် နေအိမ်များမီးလောင်ဟု ဖြန့်ဝေခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။