By Wadi / MPA
လားရှိုးမြို့သို့ ပြန်ဝင်လာသည့် ဒေသခံများဟု ဆိုကာ တန်းစီနေသော ယာဉ်တန်းဓာတ်ပုံတစ်ပုံသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၂ ရက် နေ့လည် ၂ နာရီ ၇ မိနစ်တွင် စစ်ကောင်စီက လားရှိုးမြို့ကို ပြန်လည်ထိန်းသိမ်းပြီးနောက် လားရှိုးမြို့ သို့ ပြန်ဝင်လာကြသည့် ဒေသခံပြည်သူများ ဆိုကာ တန်းစီနေ သော ယာဉ်တန်းဓာတ်ပုံတစ်ပုံကို ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို ဧပြီ ၂၂ ရက် ညနေ ၅ နာရီအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ ၁၆,၀၀၀ ကျော်၊ Reaction ပေးသူ ၆၀၀ ကျော်ရှိခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် >>> https://archive.ph/R2ozf
အဆိုပါအကြောင်းအရာကို “DGF21News, ရွှေနေကြာ, Ko Thet” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
DGF21News – https://archive.ph/CPGgP
ရွှေနေကြာ – https://archive.ph/F586x
Ko Thet – https://archive.ph/YR3i1
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို စစ်ဆေးကြည့်ရာ “Soe Moe” ဆိုသည့် ဖေ့စ်ဘွတ်ခ်တွင် တင်ထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
“Soe Moe” ဖေ့စ်ဘွတ်ခ်က ဧပြီ ၂၂ ရက် နေ့လည် ၁၂ နာရီ ၂၁ မိနစ်တွင် “21 ရက်ကျော်ပြီ ၊ ငလျင်က ပြီး သွားပြီဆိုလို့များလား အလုပ်တွေ ပြန်စ ရုံးတွေပြန်တက်ကြရတော့မှာမို့လား၊ မေမြို့ကနေ မန်းလေးပြန် ဆင်းကြတာ မနက်ကတည်းက ကားတန်းအရှည်ကြီးနဲ့ ၂၃ မိုင် ဇီးပင်ကြီးမှာရော၊ ၁၆ မိုင် စစ်ဆေးရေးဂိတ် မှာရော ကားတွေ ပြည့်ကြပ်နေတာပဲ ” ဟု ရေးကာ ပြင်ဦးလွင်မှ မန္တလေးသို့ ပြန်ဆင်းလာသည့် ယာဉ်တန်း ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။ ပို့စ်၏ မှတ်ချက်များတွင်လည်း မန္တလေးသို့ ပြန်ဆင်းလာသည့် ယာဉ်များဖြစ်ကြောင်း ပြောဆိုထားသည်။
အပြည့်အစုံဖတ်ရန် >>> https://archive.ph/YA5HL
သုံးသပ်ချက်
ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို အချက်အလက် စစ်ဆေးတွေ့ရှိမှုအရ ပြင်ဦးလွင်မှ မန္တေလေးသို့ ပြန်လာကြသည့် ယာဉ်တန်း ဓာတ်ပုံဖြစ်နေသည်။
စစ်ကောင်စီတပ် ပြန်လည်ထိန်းချုပ်ထားသော လားရှိုးမြို့သို့ ပြန်ဝင်လာသည့် ဒေသခံယာဉ်တန်းဓာတ်ပုံ မဟုတ်ပါ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “လားရှိုးသို့ ပြန်ဝင်လာသည့် ဒေသခံများ” ဆိုသည့် အကြောင်း အရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။