• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
13 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ပြည်သူများအပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုအား PDF ဌာနချုပ်ကို ဗုံးကြဲဟု စစ်တပ်ထောက်ခံသူ များ သတင်းအမှားဖြန့်

Thar Nge Lay by Thar Nge Lay
Apr 21, 2025
in Fact Check
0
0
ပြည်သူများအပေါ် စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲမှုအား PDF ဌာနချုပ်ကို ဗုံးကြဲဟု စစ်တပ်ထောက်ခံသူ များ သတင်းအမှားဖြန့်
Share on FacebookShare on Twitter

By Haythar / MPA

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ရေထွက်ရွာနှင့် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ကန်‌တော်ရွာရှိ အရပ်သားပြည်  သူများ နေထိုင်ရာကို စစ်ကောင်စီတပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူများ သေဆုံးမှုကို  PDF ဌာနချုပ်ကို ဗုံးကြဲရာ  PDF များသေဆုံးဆိုသည့် သတင်းအမှား ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များ တွင် ပျံ့နှံ့လျက်ရှိသည်။

Ka Ka Han တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၀ မနက်ပိုင်းတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် မီးလောင်ပျက်စီး နေသော အဆောက်အဦးများပါသည့် ဓာတ်ပုံများကိုအသုံးပြုပြီး သပိတ်ကျင်းမြို့နယ်ရေထွက်‌ကျေးရွာနှင့် မြင်းမူ မြို့နယ် ကန်တော်ရွာရှိ PDF များ၏ ဌာနချုပ်များကိုပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဗုံးကြဲ နိုင်ခဲ့သည်ဟု ရေးသားဖော်ပြထားသည်။ 

အဆိုပါ ရေးသားဖော်ပြမှုကို ဧပြီ ၂၁ ရက် ညနေပိုင်းအထိကြည့်ရှုသူ ၃၉၀၀ ကျော်၊ like and react ပေးသူ ၈၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖော်ပြထားသဖြင့်ပျံ့နှံ့မှုနှုန်းများနေသည်။

သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/dTPUZ
Thazin OO – https://archive.ph/S0Qd1
Kyaw Swar – https://archive.ph/pCjaM

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း  စစ် ဆေးတွေ့ရှိရသည်။

သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်

တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံအချို့ကို Google Reverse Image Search ဖြင့်ရှာဖွေ ကြည့်ရာ Mizzima သတင်းမီဒီယာက ဖော်ပြထားသည့် ဗီဒီယိုဖိုင်ရှိ ရုပ်ပုံများနှင့်ထပ်တူညီနေသည်။

Mizzima သတင်းမီဒီယာတွင်‌ “သပိတ်ကျင်း လေကြောင်းတိုက်ခိုက်မှု ၁၃ ဦး သေဆုံး၊ ကလေးငယ် ၂ ဦး ပျောက်ဆုံး”ဟု ရေးသားဖော်ပြထားသည်။

သတင်းမီဒီယာလင့်ခ် – https://shorturl.at/DY0Jg

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “သပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာ” ဆိုသည့် စာသားဖြင့်ရှာဖွေ ကြည့် ရာ RFA,MPA,People’s Spring သတင်းမီဒီယာတို့က သတင်းရေးသား‌‌ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် “သပိတ်ကျင်းမြို့နယ် ရေထွက်ရွာထဲကို စစ်ကောင်စီတပ်က ပေါင် ၂၀၀၀ ဗုံးသီး ၂ လုံး ကြဲချခဲ့ခြင်းကြောင့် လူ ၂၃ ဦးသေဆုံးပြီး ထိခိုက်သေဆုံးသူများသည် အရပ်သားများဖြစ်ကြောင်း၊ သပိတ် ကျင်း မြိုနယ်၊  ရေထွက်ရွာရှိ ပြည်သူများနေထိုင်ရာ လူစည်ကားရာနေရာကို ဂျက်ဖိုက်တာဖြင့် ပေါင်သုံးရာ ဗုံးသီးနှစ် လုံးကြဲချခဲ့ရာ ကလေးငယ်နှစ်ဦးအပါအဝင် ၂၄ ဦးသေဆုံးခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။

သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/uZt6y
MPA – https://shorturl.at/rFlch
People’s Spring – https://shorturl.at/9mTog

ထပ်မံ၍ အချက်လက်စစ်ဆေးနိုင်ရန် Google တွင် “မြင်းမူမြို့နယ်ကန်တော်ရွာ” ဆိုသည့် စာသားဖြင့် ရှာဖွေ ကြည့်ရာ MPA,People’s Spring “ သတင်းမီဒီယာတို့က ရေးသား‌‌ဖော်ပြထားသည်။သတင်းမီဒီယာများတွင် မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ရှောင် အမျိုးသမီးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ မြင်းမူမြို့နယ်၊ ကန်တော်ရွာ စစ်ရှောင်တောတိုက် ထဲသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့ ကြောင်း၊ ကန်တော်ကျေးရွာကို ၂၀၂၂ ခုနှစ်တွင်  စစ်ကောင်စီတပ်က မီးရှို့ ထားတာကြောင့် စစ်ဘေးရှောင်ရင်း တောထဲ တွင်နေကြသည့် နေရာများအား ထိမှန်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

သတင်းမီဒီယာလင့်ခ်များ MPA – https://shorturl.at/LCX4e

People’s Spring – https://tinyurl.com/4nu2pybn

သုံးသပ်ချက်

တော်လှန်ရေးအင်အားစုများထိန်းချုပ်မှုရရှိထားသည့် သပိတ်ကျင်းမြို့နယ်ရေထွက်ကျေးရွာရှိ အရပ်သားပြည်သူ များနေထိုင်နေသည့် နေရာကို စစ်ကောင်စီတပ်က ပေါင် ၂၀၀၀ ဗုံးသီးကြဲချ တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် ပြည်သူ ၂၄ ဦးထိခိုက်သေဆုံးခဲ့ရသည်။

ထို့အပြင် မြင်းမူမြို့နယ်ကန်တော်ရွာကိုလည်း စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်တဲများ အနီးသို့ ကျရောက်ခဲ့ပြီး စစ်ရှောင်ပြည်သူများသေဆုံးခဲ့ရသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသည့် ဓာတ်ပုံများတွင် ယူနီဖောင်းဝတ်ထားသူများ သည် လေကြောင်းတိုက်ခိုက်ခံရပြီးနောက်ပိုင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူများ ဝတ်ဆင်ထားခြင်း ဖြစ်သည်။

ထို့ကြောင့် သပိတ်ကျင်းမြို့နယ်ရေထွက်‌ကျေးရွာနှင့် မြင်းမူမြို့နယ် ကန်တော်ရွာရှိ PDF ဌာနချုပ်များကို ပြည်သူများ၏ သတင်းပေးပို့မှုကြောင့် ဗုံးကြဲ ဆိုသော အကြောင်းအရာသည်  သတင်းအမှားဖြစ်သည်။

စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များသည် အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်တပ် ဗုံးကြဲပြီးနောက်ပိုင်း PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များနေထိုင်ရာနေရာများသို့ ဗုံးကြဲခြင်း ဖြစ်သည်ဟု ဝါဒဖြန့်သတင်းအမှားများက ဖော်ပြလေ့ရှိသည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့်  telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။

Tags: ဗုံးကြဲတိုက်ခိုက်မှုရေထွက်ရွာသပိတ်ကျင်းမြို့နယ်
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

နိုင်ငံရေး

ဒီပဲယင်းစာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်မှုတွင် ပါဝင်သူများ ပြစ်ဒဏ်ကျခံစေရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု NUG ဆို

May 12, 2025
ဒီပဲယင်း စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံရမှု ကျောင်းသူ/သားသူနှင့် ဆရာမ ၂၂ဦးသေဆုံးပြီး ၄၀ကျော်ဒဏ်ရာရ၊ သေဆုံးစာရင်းထပ်တိုးနိုင်ဟုဆို

By Ra Wai / MPA စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းကျေးရွာ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်မှု၌ ပါဝင်ပတ်သက်နေသူများကို တရားမျှတမှုပြန်လည်ဖော်ဆောင်သည့်အခါ ထိုက်တန်သည့် ပြစ်ဒဏ်များကျခံရရန် အစွမ်းကုန်ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ကပြောသည်။ ယနေ့ (မေလ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

အပစ်ရပ်သက်တမ်းတိုးသည်ဆိုသော စစ်‌ကောင်စီ သပိတ်ကျင်းတွင် ဗုံးထပ်ကြဲ၊ ပြည်သူတစ်ဦးသေဆုံး

May 8, 2025
အပစ်ရပ်သက်တမ်းတိုးသည်ဆိုသော စစ်‌ကောင်စီ သပိတ်ကျင်းတွင် ဗုံးထပ်ကြဲ၊ ပြည်သူတစ်ဦးသေဆုံး

By Ra Wai / MPA အပစ်အခတ်ရပ်စဲရေးသက်တမ်းထပ်တိုးသည် ဆိုသော စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်၊ ရေထွက်ကျေးရွာထဲကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မေလ ခုနှစ်ရက်၊ မွန်းတည့် ၁၂နာရီခန့်တွင် မန္တလေးတိုင်း၊သပိတ်ကျင်းမြို့နယ်၊ရေထွက်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ရေးတင်းမာနေသည့် သပိတ်ကျင်း၊ တွင်းငယ်ရွာအနီးကို ဗုံးအလုံး၆၀ခန့် စစ်တပ် ကြဲချ

May 5, 2025
စစ်ရေးတင်းမာနေသည့် သပိတ်ကျင်း၊ တွင်းငယ်ရွာအနီးကို ဗုံးအလုံး၆၀ခန့် စစ်တပ် ကြဲချ

By Ra Wai / MPA မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးသို့ စစ်ကောင်စီတပ်က ယနေ့နံနက်ပိုင်းတွင် ဗုံးအလုံး ၆၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယနေ့ (မေလ ငါးရက်) နံနက် ၁၀နာရီခွဲခန့်တွင်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စစ်ကောင်စီ အပစ်ရပ်သည်ဆိုသော ဧပြီလအတွင်း သပိတ်ကျင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့

May 3, 2025
စစ်ကောင်စီ အပစ်ရပ်သည်ဆိုသော ဧပြီလအတွင်း သပိတ်ကျင်း၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ် ပြုလုပ်ခဲ့

By Ra Wai / MPA အပစ်အခတ်ရပ်စဲထားသည်ဆိုသော တစ်လတာအတွင်း စစ်ကောင်စီတပ်က သပိတ်ကျင်းမြို့နယ်၌ လေကြောင်းတိုက်ခိုက်မှု ၂၄ ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရသည်။ စစ်ကောင်စီဘက်က အပစ်အခတ်ရပ်စဲထားသည့် ဧပြီတစ်လအတွင်း သပိတ်ကျင်းမြို့ပေါ်သို့ တစ်ကြိမ်နှင့် မြို့နယ်အတွင်း ၂၃ ကြိမ်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စေတုတ္တရာတွင် စစ်တပ်ဗုံးကြဲ၊ နေအိမ် ၅၀ ခန့် မီးလောင်ပြာကျ

Apr 25, 2025
စေတုတ္တရာတွင် စစ်တပ်ဗုံးကြဲ၊ နေအိမ် ၅၀ ခန့် မီးလောင်ပြာကျ

By Nway / MPA မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အလုံး ၅၀ ခန့် မီးလောင်ပြာကျခဲ့ပြီး ပြည်သူ ၃၀၀၀ ကျော် တိမ်းရှောင်နေရကြောင်း သိရသည်။ ဧပြီ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

သပိတ်ကျင်း၊ ညောင်ပင်သာရွာကို စစ်တပ်ဗုံးကြဲ၊ ပြည်သူနှစ်ဦး ဒဏ်ရာရ

Apr 21, 2025
သပိတ်ကျင်း၊ ညောင်ပင်သာရွာကို စစ်တပ်ဗုံးကြဲ၊ ပြည်သူနှစ်ဦး ဒဏ်ရာရ

By Ra Wai / MPA မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာရွာကို စစ်တပ်ကြဲချသည့် ဗုံးကျ ရောက်ပေါက်ကွဲခဲ့ရာ ပြည်သူနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဧပြီ ၂၀ ရက်၊ မွန်းလွဲ ၁ နာရီ ၄၅...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

သပိတ်ကျင်း လူစည်ကားရာနေရာကို စစ်တပ်ဗုံးကြဲ၊ ကလေးငယ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံး

Apr 19, 2025
စဉ့်ကူး စာသင်ကျောင်းကို စစ်တပ် ဗုံးကြဲ၊ အမျိုးသမီးနှစ်ဦး အပါအဝင် ပြည်သူခြောက်ဦး ဒဏ်ရာရ

By Ra Wai / MPA မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တစ်ဦးအပါအဝင် ၁၃ ဦးသေဆုံးခဲ့ကြောင်းသိရသည်။ ဧပြီ ၁၈ ရက်၊ နံနက် ၁၀ နာရီကျော်တွင် သပိတ်ကျင်းမြိုနယ်၊...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

စဉ့်ကူးတွင် စစ်တပ် ကြဲချသည့် ဗုံးထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံး

Apr 18, 2025
စဉ့်ကူးတွင် စစ်တပ် ကြဲချသည့် ဗုံးထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံး

By Nway / MPA မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်တွင် စစ်ကောင်စီတပ်ကြဲချသည့် ဗုံးထိမှန်ကာ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ ဧပြီ ၁၇ ရက်၊ ညရှစ်နာရီကျော်တွင် စဉ့်ကူးမြို့နယ်၊ နတ်တောင်ကျေးရွာအစွန်သို့ စစ်ကောင်စီတပ် လေယာဉ်ဖြင့် ကြဲချသည့် ဗုံးနှစ်လုံးကျရောက်ပေါက်ကွဲခဲ့ရာ...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

သပိတ်ကျင်းတွင် ညအချိန် စစ်တပ် ဗုံးကြဲ၊ ပြည်သူလေးဦး ဒဏ်ရာရ

Apr 12, 2025
သပိတ်ကျင်းတွင် ညအချိန် စစ်တပ် ဗုံးကြဲ၊ ပြည်သူလေးဦး ဒဏ်ရာရ

By Ra Wai / MPA မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်း ညအချိန် စစ်တပ် ဗုံးကြဲခဲ့ရာ ပြည်သူလေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ဧပြီ ၁၁ရက်၊ ည ၁၀နာရီခွဲခန့်တွင် သပိတ်ကျင်းမြို့နယ်၊ ကြက်ရိုးပင်ရွာသို့ ဂျက်ဖိုက်တာဖြင့်...

Read more
by Thar Nge Lay
0 Comments
Fact Check

ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပြုလုပ်နေ‌သော စစ်ကောင်စီတပ်စခန်းကို TNLA/ PDF များ တိုက်ခိုက်ဆိုသည့် သတင်းအမှား

Apr 9, 2025
ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပြုလုပ်နေ‌သော စစ်ကောင်စီတပ်စခန်းကို TNLA/ PDF များ တိုက်ခိုက်ဆိုသည့် သတင်းအမှား

By Haythar /MPA မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် TNLA/ PDF များက ငလျင်ကယ်ဆယ်ရေး နှင့် ပြန်လည်ထူ ထောင်ရေးပြု လုပ်နေသည့် စစ်ကောင်စီတပ်စခန်း ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10850) Myanmar (9776) News (9157) military (7093) SAC (6803) PDF (953) Politics (307) Yangon (282) SagaingRegion (214) RakhineState (139) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In