By Wadi/MPA
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီးရွာကို AA နှင့် PDF များ မီးရှို့ဖျက်ဆီး ဆိုသည့် သတင်း အမှားအကြောင်းအရာ စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့လျက်ရှိသည်။
“Kyaw Swar” youtube ချန်နယ်က ဧပြီ ၁၈ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီးရွာကို AA နှင့် PDF များ ဝင်ရောက်မီးရှို့ဖျက်ဆီးဟု ရေးသား၍ ရုပ်သံဖိုင်တစ်ခု ဖြန့်ဝေခဲ့ သည်။
အဆိုပါရုပ်သံဖိုင်ကို ဧပြီ ၁၉ ရက်အထိ မွန်းလွဲပိုင်းအထိ ကြည့်ရှုသူ ၃,၃၀၀ ကျော် ရှိသည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/i085B
အဆိုပါရုပ်သံဖိုင်ကို “Kyaw Swar, ငြိမ်းသော်, ဘဲဥမ” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Kyaw Swar – https://archive.ph/5JvxQ
ငြိမ်းသော် – https://archive.ph/RgJbL
ဘဲဥမ – https://archive.ph/NP05k
Youtube နှင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံ အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအ မှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ရုပ်သံအကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “လေးမျက်နှာ ပန်းတောကြီးရွာ မီးရှို့ခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “DVB, People’s Spring, The Irrawaddy” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဧပြီ ၁၈ ရက် ညပိုင်း၌ ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ အနောက်ခြမ်းရှိ ပန်းတော ကြီးရွာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲခဲ့တာကြောင့် နေအိမ်အများအပြား မီးလောင်ခဲ့ပြီး ဒေသခံများ ထွက်ပြေးနေရကြောင်း၊ စစ်ကောင်စီတပ်စွဲထားသည့် ပန်းတောကြီးရွာတွင် ဧပြီ ၁၅ ရက်က စတင်ပြီး စစ် ကောင်စီ နှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ဧပြီ ၁၇ ရက်တွင် စစ်ကောင်စီက တပ်စခန်းကနေ ဆုတ်ခွာထွက်ပြေးသွားသည့်အတွက် AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စခန်းကို ထိန်းချုပ်ခဲ့ ကြောင်း၊ ဧပြီ ၁၈ ရက် ညပိုင်းတွင် စစ်ကောင်စီက လေကြောင်းကနေ ဗုံး ခြောက်လုံးထက်မနည်း ကြဲချ တိုက်ခိုက်ခဲ့တာဖြစ်ကြောင်း၊ AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စခန်းသိမ်းပြီးနောက်ပိုင်း လုံခြုံရေးအရ ကန့် သတ်ထားမှုကလွဲ၍ မီးရှို့ဖျက်ဆီးမှုတွေ မလုပ်ဆောင်ကြောင်း ဒေသခံအသံများနှင့်တကွ ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/YSZS1
People’s Spring – https://bitly.cx/jmGj1
The Irrawaddy – https://bitly.cx/nSBz
မီးလောင်မှုဖြစ်စဉ်အား စစ်ဆေးကြည့်ရန်အတွက် Google Map တွင် ပန်းတောကြီးရွာ၏ တည်နေရာကို ရှာဖွေခဲ့သည်။ ရရှိလာသော တည်နေရာညွှန်းကိန်းကို ကမ္ဘာပေါ်ရှိ မီးလောင်မှုများကို စစ်ဆေးအတည်ပြု နိုင်သည့် NASA ၏ Firm Information for Resource Management System (FIRMS) တွင် ထည့် သွင်းပြီး စစ်ဆေးကြည့်သည့်အခါ ဧပြီ ၁၈ ရက်တွင် မီးလောင်ခဲ့ကြောင်း ဖော်ပြထားသော အနီရောင် အမှတ်အသားအား တွေ့ရှိခဲ့သည်။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း အတည်ပြုနိုင်ခဲ့သည်။
FIRMS ၏ မီးလောင်မှုအချက်ပြကို ကြည့်ရန် >>> https://bitly.cx/gzwc
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ပန်းတောကြီးရွာကို စစ်ကောင်စီက လေ ကြောင်းဗုံးကြဲခဲ့သဖြင့် နေအိမ်အမြောက်အများ မီလောင်ပျက်စီးခဲ့ကြောင်း ရေးသားထားကြသည်။ AA နှင့် ပူးပေါင်းတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ဖော်ပြထားခြင်း မတွေ့ရပါ။
NASA FIRMS တွင် စစ်ဆေးမှုအရ မီးလောင်မှုဖြစ်စဉ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့်ချိသူများ ဖြန့်ဝေနေသော “ လေးမျက်နှာမြို့၊ ပန်းတောကြီးရွာကို AA နှင့် PDF များ ဝင်ရောက်မီးရှို့ဖျက်ဆီး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်ကြောင်း သိနိုင်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဧပြီ ၁၉ ရက် ညနေပိုင်းအထိ စစ်ဆေးတွေ့ရှိထား သော သက်သေပြအချက်အလက်များ ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။