By Wadi/MPA
စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာ လေကြောင်းတိုက်ခိုက်မှုတွင် PDF နှင့် KIA အများအပြား သေဆုံးဆိုသည့် အကြောင်းအရာသည် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံလျက်ရှိသည်။
“Ka Ka Han” တယ်လီဂရမ်ချန်နယ်က ဧပြီ ၁၀ ရက် နံနက် ၈ နာရီ ၅၉ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့ နယ်၊ နမ်းခမ်းရွာတွင် PDF နှင့် KIA များ ရောက်ရှိခိုအောင်းနေသည်ဆိုပြီး သတင်းပေးမှုကြောင့် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA နှင့် PDF အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း၊ ယခုတိုက်ခိုက်မှုသည် အင်းတော်ဖြစ်စဉ်ကို လက်စားချေခြင်းဖြစ်ကြောင်း၊ သေ ဆုံးသူအားလုံးမှာ အရပ်သားပြည်သူများ မဟုတ်ဘဲ KIA နှင့် PDF များသာ ဖြစ်ကြောင်း လေကြောင်း တိုက်ခိုက်ခံရသည့်ဓာတ်ပုံများနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၂၀၀ ကျော် ၊ Reaction ပေးသူ ၉၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/709fE
အဆိုပါအကြောင်းအရာကို “ဟန်ငြိမ်းဦး၊ ဘညွန့်၊ Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
ဟန်ငြိမ်းဦး – https://archive.ph/0Pevk
ဘညွန့် – https://archive.ph/ZtQqh
Kyaw Swar – https://archive.ph/HrR98
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံ အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ “Mizzima, DVB,Western News” မီဒီယာများက ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ဧပြီ ၉ ရက် ညနေပိုင်းက စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၂၄ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း၊ နမ်းခမ်းရွာကို ညနေ ၃ နာရီ တွင် တစ်ကြိမ်၊ ညနေ ၆ နာရီတွင် တစ်ကြိမ် နှစ်ကြိမ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း၊ လူနေအိမ် တော် တော်များများကို ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
DVB – https://bitly.cx/4ukCk
Mizzima – https://bitly.cx/ALxT
Western News – https://bitly.cx/eTQN4
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ဝန်းသိုမြို့ လေကြောင်းဗုံးကြဲမှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့် ရာ “Tachileik News Agency , People’s Spring, BBC” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဧပြီ ၉ ရက်က စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ နမ်းခမ်းရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် လူ နှစ်ဒါဇင်ထက်မ နည်း သေဆုံးခဲ့ကြောင်း၊ ပြင်းထန်ဒဏ်ရာရရသူများလည်း ရှိသောကြောင့် သေဆုံးအရေအတွက်မှာ ထပ် တိုးနိုင်ကြောင်း၊ နေအိမ်တော်တော်များများလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် ကလေး ငယ်များပါဝင်ပြီး အမျိုးသမီးအများစု ဖြစ်ကြောင်း၊ ဝန်းသိုမြို့နှင့် နယ်မြေဆက်စပ်မှုရှိသော အင်းတော်မြို့ ကို တော်လှန်ရေးပူးပေါင်းတပ်များက ဧပြီ ၇ ရက်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
Tachileik News Agency – https://bitly.cx/rosuB
People’s Spring – https://bitly.cx/P9Req
BBC – https://bitly.cx/c2NV
၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်ကနေ ဧပြီ ၈ ရက်နေ့အထိ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက် ကြီးပစ်ခတ်မှု ၉၂ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၇၂ ဦး သေဆုံးခဲ့သည်ဟု အမျိုးသားညီညွတ် ရေးအစိုးရ ( NUG ) က သတင်းထုတ်ပြန်ထားသည်။ ယခု နမ်းခမ်းရွာ ဖြစ်စဉ်နှင့် ပေါင်းလျှင် အရပ်သား ၁၀၀ ဝန်းကျင် သေဆုံးခဲ့ပြီး ဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် ဧပြီ ၁၀ ရက် မွန်းလွဲပိုင်းအထိ စစ်ဆေးတွေ့ရှိထား သော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။