By Haythar /MPA
မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် TNLA/ PDF များက ငလျင်ကယ်ဆယ်ရေး နှင့် ပြန်လည်ထူ ထောင်ရေးပြု လုပ်နေသည့် စစ်ကောင်စီတပ်စခန်း ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု စစ်ကောင်စီတပ် ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်များက သတင်းအမှားများ ဖြန့်ဝေလျက်ရှိသည်။
PAN တယ်လီဂရမ်ချန်နယ်က ဧပြီ ၇ ရက် ညပိုင်းတွင် ဗီဒီယိုဖိုင်တစ်ခုကိုအသုံးပြုပြီး ငလျင်ဘေးကူးညီကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ဆောင်နေသည့် စစ်ကောင်စီတပ် သပိတ်ကျင်းမြို့နယ် ၇ မိုင်စခန်းကို TNLA/ PDF များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည် ဟု ဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၉ ရက်ညနေပိုင်းအထိ ကြည့်ရှုသူ ၈၀၀၀ ကျော်၊ like and react လုပ်သူ ၂၀၀ ကျော်ရှိပြီး အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
PAN https://archive.ph/BfOZP
Thazin Oo https://archive.ph/NzKok
Snow Queen https://archive.ph/TYcf7
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံ အကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသည့် သတင်းအကြောင်းအရာကို Google တွင် သပိတ်ကျင်း ၇ မိုင်တိုက်ပွဲဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ DVB,MPA,Shwe Phee Myay သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင်” သပိတ်ကျင်းမြို့နယ် ၇မိုင်အနီးကို စစ်ကောင်စီတပ်က ဧပြီ ၃ ရက်တွင်လေကြောင်းစတင်ဗုံးကြဲခဲ့ကြောင်း၊ အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီတပ်က သပိတ်ကျင်း ၇ မိုင်ရွာအနီးကို မြေပြင်ထိုးစစ်ဆင်ခဲ့ပြီး လေကြောင်းမှလည်းဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်က ဧပြီ ၃ရက်ကစတင်ထိုးစစ်ဆင်လာတာကြောင့် ၇ မိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း” ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
DVB https://shorturl.at/v3osz
MPA https://shorturl.at/ekwJW
Shwe Phee Myay https://shorturl.at/vVxm1
သုံးသပ်ချက်
စစ်ကောင်စီတပ်က ဧပြီ ၂ ရက်တွင် အပစ်ခတ်ရပ်ဆဲကြောင်းကြေညာပြီးနောက် ဧပြီ ၃ ရက်တွင်သပိတ်ကျင်းမြို့နယ် ၇မိုင်အနီးကို လေကြောင်းအပြင် မြေပြင်တွင်လည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။
သပိတ်ကျင်းမြို့ကို ၂၀၂၄ သြဂုတ် ၃၀ တွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ရရှိခဲ့ပြီး သပိတ်ကျင်း ၇ မိုင်စစ်ကောင်စီတပ်စခန်းကျန်ရှိခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့်တာ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော TNLA/ PDF များက ငလျင်ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးပြုလုပ်နေသည့် စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ဆိုေသာ အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။